Unicode
~~~~~~~~ဧကရာဇ်မောင် အိပ်ယာကနေနိုးထလာတော့ အခန်းထဲမှာ ကုမုဒြာရှိမနေတော့ပေ ။ ဒါပေမဲ့မနေ့ကသိခဲ့ရတဲ့အမှန်တရားကြောင့် သူ့စိတ်ထဲမှာ ရှုတ်ထွေးနေခဲ့သည် ။ သူအမြဲမကောင်းမြင်ခဲ့တဲ့လူက သူ့အပေါ်ကောင်းပေးနေတာကို သူကိုယ်တိုင်က မျက်ကန်းတစ်ယောက်လို သတိမထားမိခဲ့ခြင်းဖြစ်သည် ။
မုဒြာရဲ့ချုပ်ချယ်မှုတွေကနေလွတ်မြောက်သွားလျှင် ပျော်ရွှင်ရလိမ့်မည်ဟုတွေးထင်ခဲ့တဲ့ သူကိုယ်တိုင်က မုဒြာရဲ့အေးဆက်ဆက်အပြုအမူတွေကို လက်မခံနိုင်ဖြစ်နေသည် ။ မုဒြာရဲ့အနားကနေထွက်ပြေးချင်နေတဲ့သူကိုယ်တိုင်က မုဒြာအဝေးကိုခနလေးထွက်သွားယုံနဲ့ လွမ်းစွတ်နေတဲ့စိတ်က ဖုံးကွယ်မရခဲ့ပေ ။ သူ့ရဲ့နှလုံးသားကခံစားမှုတွေနဲ့ ဦးနောက်ထဲကအသိတွေဟာ ကိုက်ညီမနေပဲ လွဲမှားနေသည်ကို သတိပြုမိလာသည် ။
ကုမုဒြာအကြောင်းနောက်ထပ် မသိသေးတဲ့အရာတွေ ဘယ်လောက်များများရှိနေဦးမလဲ ?
ဧကရာဇ် သူ့ရဲ့အခန်းထံပြန်လာတော့ ကုမုဒြာက အရင်ကလို အဝတ်အစားပြင်ဆင်ပေးခြင်းမရှိတော့သလို ဂရုပင်မစိုက်တော့ ။ ဧကရာဇ်မောင်က ကုမုဒြာ သူ့တာဝန်ကို မေ့လျော့နေတာလားဟုပင်ထင်မိလိုက်သည် ။ သူကိုယ်တိုင်က ဘာကြောင့်မုဒြာရဲ့ဂရုစိုက်ပေးမှုကို ခံချင်နေမှန်းမသိတော့ပေ ။
ဧကရာဇ် ရေချိုးပြီး ပြန်ထွက်လာတော့ ကသစ်ပန်းက အဝတ်အစားတွေကိုင်ပြီးစောင့်နေသည် ။ စောင့်နေတဲ့လူက သူမျှော်မှန်းထားတဲ့သူဖြစ်မနေ၍ ဧကရာဇ်မျက်နှာ သုန်မှုန်သွားသည် ။
" ကသစ် … မင်းဒီလိုတွေလုပ်ပေးဖို့မလိုဘူး … ပြီးတော့အခန်းထဲကို ခွင့်ပြုချက်မတောင်းပဲ ဘာကြောင့်ဝင်လာတာလဲ … တစ်ခြားလူတွေမြင်ရင် အထင်လွဲကုန်လိမ့်မယ် "
ဧကရာဇ်မောင်ထံက မျက်နှာသာရဖို့ ကသစ်ပန်းကြိုးစားနေပေမဲ့ အရေးမပေးတဲ့အပြင် အဆူခံလိုက်ရ၍ မျက်နှာပျက်သွားသည် ။ သို့ပေမဲ့ သူမက မျက်နှာအမူအယာကို စက္ကန့်ပိုင်းအတွင်း ပြောင်းလဲနိုင်သည် ။

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...