Unicode
~~~~~~~~ကသစ်ပန်း အိမ်တော်မှာလာနေတဲ့နေ့ကတည်းက ဦးလေးမြတ်ကသဘောမကျပေမဲ့ သူဟာအစေခံတစ်ယောက်သာဖြစ်၍ မိမိတာဝန်ထန်းဆောင်ယုံကလွဲပြီး ဘာမှဝင်မပြောနိုင်ခဲ့ပေ ။ သခင်လေးတို့ကို အကြောင်းကြားချင်ပေနဲ့ သခင်ကြီးနဲ့သခင်လေး အနားယူနေကြတာကို နှောက်ယှက်မိမှာလဲကြောက်ရသည် ။ သခင်ကြီးထွက်မသွားခင်အချိန်ထိတော့ အရာအားလုံးကို သည်းခံဖို့ဆုံးဖြတ်လိုက်သည် ။
ကသစ်ပန်းက ဧကရာဇ်ရဲ့လုပ်ငန်းပရော့ဂျက်တွေကို ဖခင်ထံသတင်းပို့ပြီး ဧကရာဇ်ဆက်သွယ်သမျှလူတွေကို ဖျက်စီးခိုင်းသည် ။ ဧကရာဇ်အခက်အခဲကြုံရတော့ သူမကဝင်ကူညီကာ ဧကရာဇ်သူမရဲ့ကျေးဇူးတရားတွေကနေ ရုန်းမထွက်နိုင်အောင် ချည်နှောင်ထားလေသည် ။ ကုမုဒြာလို ဟော်မုန်းနဲ့ချည်နှောင်ခွင့်မရတော့ သူမတတ်ကြွမ်းသည့်အရာနဲ့ ဧကရာဇ်မောင်ကိုချုပ်ကိုင်ဖို့ကြိုးစားသည် ။
ဒီအိမ်တော်မှာ တစ်ခြားအစေခံတွေက သူနည်းနည်းလောက်ကောင်းပြလိုက်ယုံနဲ့ သူမပေါ်ယုံကြည်လာနိုင်ပေမဲ့ အိမ်တော်ထိန်း ဦးလေးမြတ်ကတော့ သူမအပေါ်ဘယ်တော့မှ ယုံကြည်လာမှာမဟုတ်မှန်း သိနေသည် ။ ဒါကြောင့် ဦးလေးမြတ် သူမအကြံတွေကိုသိပြီးနှောက်ယှက်လာတဲ့တစ်နေ့ကြရင် ရှင်းထုတ်ပြစ်ဖို့ထိပါ တွေးထားသည် ။ ခုတော့ သူမရဲ့လိမ္မာပါးနပ်မှုကြောင့် ကြာပန်းဖြူလေးအသွင် ရှိနေသေးသည် ။ ဒါ့အပြင် ဧကရာဇ်မောင်ထံချည်းကပ်ကာ ကုမုဒြာနေရာအစားဝင်နိုင်ဖို့ပါကြိုးစားနေသည် ။
မနက်တိုင်း ဧကရာဇ်မောင်အလုပ်မသွားခင် အဝတ်အစားပြင်ပေးပြီး မနက်စာအဆင်သင့်လုပ်ထားသည် ။ သူမကကိုယ်တိုင် မချက်ပြုတ်တတ်၍ အကောင်းဆုံးစားဖိုမှူးငှားကာ ဧကရာဇ်မောင် ကုမုဒြာရဲ့လက်ယာကိုမေ့သွားစေဖို့ ရည်ရည်ပြီး နေ့စဉ် သူမချက်သလိုဟန်ဆောင်ကာပြင်ဆင်ပေးနေသည် ။
" မောင် … မနက်စာစားပြီးမှ အလုပ်ကိုသွားရအောင် "
ဧကရာဇ်မောင်ကတော့ ကသစ်ပန်းကို အလုပ်မှာလဲသူ့ကိုကူညီရ အိမ်တော်မှာလဲဂရုစိုက်ပေးနေရတာကြောင့် အားနာနေမိသည် ။ ဒါကြောင့် သူမပျော်ရွှင်အောင် စိတ်ကြိုက်နေဖို့နဲ့ အစေခံတွေကို သူမခိုင်းသမျှလုပ်ပေးဖို့ မှာကြားထားသည် ။ ကသစ်ပန်းက ထိုမျှလောက်နဲ့အားမရပဲ ကုမုဒြာမရှိခင် သူမကိုယ်တိုင် ဧကရာဇ်မောင်ရဲ့ဝေရာဝစ္စတွေကို ပြုလုပ်ပေးနိုင်ဖို့ တောင်းဆိုလာသည် ။

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...