Chapter - 15

6.2K 558 236
                                    

Unicode
~~~~~~~~

ဧကရာဇ်မောင်နိုးထလာတော့ မိုးစင်စင်လင်းနေပြီ ။ ညကအလွန်အကျွန်လှုပ်ရှားခဲ့၍ တစ်ကိုယ်လုံးလဲနာကျင်နေပြီး ခေါင်းကလဲထိုးကိုက်လာသည် ။ နိုးထလာခြင်းမို့ ဦးနောက်ထဲမှာ ဗလာနက်ထိဖြစ်နေကာ မှတ်ဉာဏ်တွေတစ်ခုမှပေါ်မလာပေ ။

စိတ်ငြိမ်ငြိမ်ထားကာ တွေးကြည့်တော့မှ ကသစ်ပန်းရဲ့ မွေးနေ့ပါတီပွဲရောက်နေတာကို သတိရသွားပြီး အရက်တွေအလွန်အကျွန်သောက်မိပြီးနောက် ဘာတစ်ခုမှ သတိမရတော့ပေ ။ သူ့ရဲ့အောက်ပိုင်းကတော့ အစာဝနေသည့် မြွေတစ်ကောင်လို အားအင်ပြည့်ဝကာ ငြိမ်သက်စွာလဲလျှောင်းနေပြီး Rut ကာလနှင့်ပင်မတူနေပေ ။

" ညက ငါဘာဖြစ်ခဲ့သေးလဲ "

တစ်စုံတစ်ယောက်နဲ့ ဆက်ဆံပြီးရလာတဲ့အငွှေ့အသက်တွေရှိနေပေမဲ့ သူ့ဘေးပတ်ပတ်လည်မှာ ဘယ်သူမှရှိမနေပေ ။ သေချာကြည့်တော့မှ ဧကရာဇ်မောင်ဟာ သူ့ရဲ့အခန်းတွင်းပြန်ရောက်နေမှန်းသိလိုက်ရသည် ။ ဘယ်သူကသူ့ကို အိမ်ကိုလာပို့သွားပြီး ညကဘာတွေဖြစ်ခဲ့လဲဆိုတာ မမှတ်မိတော့ပေ ။

စိတ်အာရုံတွေကြည်လင်သွားအောင် ရေချိုးဖို့အတွက် ရေချိုးခန်းထဲဝင်လာတဲ့အခါ သူရိုက်ခွဲထားတဲ့မှန်ကွဲစတွေက သိမ်းစည်းပြီးသားဖြစ်နေသည် ။ သူကိုယ်တိုင်ပဲသိမ်းစည်းလိုက်တာလား တစ်စုံတစ်ယောက်လာသိမ်းသွားတာလားဆိုတာ စဉ်းစားမရတော့ပေ ။

ရေမိုးချိုးနေစဉ် ခန္ဓာကိုယ်တစ်လျှောက်ပွတ်သပ်နေရင်း Rut ဖြစ်နေစဉ်က တစ်စုံတစ်ယောက်နဲ့ ခန္ဓာကိုယ်ချင်း ယှက်နွယ်ကာ အလွန်ကောင်မွန်တဲ့ခံစားချက်တွေဖြစ်ပေါ်လာစေသည့် ဆက်နွယ်မှုမျိုး ပြုလုပ်ခဲ့တာကို တဖြေးဖြေးပြန်မြင်ရောင်လာသည် ။ ထိုလူရဲ့ကိုယ်ကိုလဲ ကိုက်ခဲ့သေးသည် ။ ဒါပေမဲ့ဘယ်သူလဲဆိုတာ မသဲမကွဲဖြစ်နေသည် ။

" ကုမုဒြာလား "

ကုမုဒြာရဲ့ပုံရိတ်တွေတဖြေးဖြေးပေါ်လာပြီး သူ့အိမ်မက်ထဲကနဲ့ ဆင်တူတဲ့ မြင်ကွင်းတွေကိုသတိရလာကာ Run ကာလမှာတစ်ကြိမ်တစ်ခါမှ မရရှိဘူးတဲ့ အားရကျေနပ်မှုတို့ဖြစ်ပေါ်နေ၍ သူ့ကိုယ်သူပင် အံ့ဩနေမိသည် ။ ဧကရာဇ်မောင်က သူ့ခေါင်းသူ ရိုက်ထုလိုက်ရင်း ထိုအိမ်မက်ကနေ ရုန်းမထွက်နိုင်သေး၍ မြင်ယောင်နေမိခြင်းဟု ထင်မှတ်လိုက်သည် ။

ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC ) Unde poveștirile trăiesc. Descoperă acum