မုဒြာတို့ ပထမဆုံးနမ်းခဲ့သည့်အချိန်က ၈ တန်းနှစ်မှာဖြစ်ပြီး အိမ်တော်ရဲ့စာကြည့်ခန်းထဲမှာဖြစ်သည် ။ စာဖတ်ရင်းအိပ်ပျော်နေစဉ် မုဒြာမျက်နှာကို နေရောင်ခြည်အလင်းတန်းသေးသေးလေးထိုးနေ၍ မောင်ကလက်ဖြင့်ကာပေးထားပြီး မုဒြာကိုငေးကြည့်နေသည် ။

မုဒြာနိုးလာတော့ မောင့်ရဲ့လက်တွေကိုဆွဲယူကာ မုဒြာရဲ့ပါးပြင်ပေါ်တင်ပြီးပြုံးလိုက်တော့ မောင့်ရဲ့မျက်နှာက ရှက်သွေးဖြာသွားသည် ။ မောင်ကအရမ်းကိုဖြူစင်လွန်းသည် ။ မုဒြာသာအစမပျိုးခဲ့လျှင် မောင့်ရဲ့ခံစားချက်တွေကိုအဆုံးထိမျိုသိပ်ထားလိမ့်မယ် ။

မုဒြာက နီရဲနေတဲ့မောင့်ရဲ့ပါးကိုနမ်းလိုက်တော့ မောင့်ကလန့်သွားသည် ။ ပြီးတော့ သခင်လေးနဲ့အစေခံဖြစ်တဲ့သူတို့က ဒီလိုမျိုးမလုပ်သင့်ကြောင်း မောင်ကစိုးရိမ်တကြီးပြောလာသည် ။ မုဒြာက သူကမောင့်ရဲ့သခင်မဟုတ်သလို မောင်ကလဲ မုဒြာရဲ့အစေခံမဟုတ်တဲ့အကြောင်း မောင်နဲ့မုဒြာကသူငယ်ချင်းထက်ပိုနိုင်တဲ့အကြောင်းပြောလိုက်တော့ မောင်ကမုဒြာပါးကို မရဲတရဲလေးလာနမ်းသည် ။ ထိုအချိန်က ဖြူစင်တဲ့ကလေးတွေမို့ ဖက်ထားယုံကလွဲ၍ အဆင့်မတက်ခဲ့ကြပေ ။

ထိုအချိန်ကနေစပြီး မုဒြာမောင့်အပေါ်ခံစားချက်တွေမဖြူစင်တော့မှန်း အတည်ပြုမိလိုက်သည် ။ မုဒြာဘက်ကနေစပြီး မောင့်ကိုဖက်ပြီးနမ်းတာမျိုးခနခနလုပ်ဖြစ်ခဲ့သည် ။ မုဒြာတို့ ၉ တန်းနှစ်အရောက်မှာ မောင်ကပိုပြီးတည်ငြိမ်အေးဆက်လာသည် ။ မုဒြာနဲ့လူကြီးချင်းသဘောတူထားတဲ့ ဇွဲရောက်လာတော့ မောင်က မုဒြာကိုရှောင်ဖယ်လာသည် ။ ဇွဲကမောင့်ထက်ချောမောခန့်ညားပြီး ပြီးပြည့်စုံပေမဲ့ မုဒြာမောင်နဲ့နေရတာကပိုပြီးနွေးသည်ဟုခံစားရသည် ။

ဗီဇလက္ခနာတွေအတည်ပြုရသည့်အချိန်၌ မောင်ကဇွဲနဲ့အတူတူ အဆင့်မြင်အယ်ဖာဖြစ်နေ၍ မုဒြာပျော်ရွှင်ခဲ့ရသည် ။ ဇွဲကမုဒြာကို မောင့်ထပ်အရင်ဦးအောင်ဖွင့်ပြောခဲ့ပေမဲ့ မုဒြာပြန်မချစ်နိုင်တဲ့လူကို မျှော်လင့်ချက်မပေးချင်၍ ဇွဲကိုချက်ချင်းငြင်းဆိုလိုက်ကာ သူငယ်ချင်းအဖြစ်နဲ့သာနေဖို့ပြောလိုက်သည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now