ထို့ပြင် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွေ့လုပ်ကိုင်ခြင်းသည် တိုးတက်လမ်းရှိ၍ဖြစ်ကာ ယခင်ကုမ္ပဏီကို ဆုံးရှုံးမှုဖြစ်စေခဲ့သည့် လူတစ်ယောက်ကို တခြားကုမ္ပဏီက အဘယ်ကြောင့် ရာထူးလစာမြင့်မြင့်ပေး၍ အလုပ်ခန့်မည်နည်း။

ထိုအကြောင်းများကြောင့် ဟန်ကော်ပိုရေးရှင်းရှိ ဝန်ထမ်းများသည် သတိပေးစာတွေဆိုလျှင် အလုပ်ထုတ်ခံရမှာထက်ဆိုးသော ကပ်ဘေးကြီးတစ်ခုအဖြစ် မြင်ကြလေသည်။

အလုပ်ထုတ်ခံရခြင်းက ကိုယ်ရေးမှတ်တမ်းတွင် သတိပေးစာကြောင့် စွန်းထင်းသွားမည့် အမည်းစက်တွေလောက် ထိတ်လန့်ဖွယ်မကောင်းပေ။

မသိနိုင်သော အနာဂတ်၌ တခြားမှာ လုပ်ကိုင်ရဖို့ အခွင့်တွေဖန်လာခဲ့လျှင် ဘယ်နှယ့်လုပ်မည်လဲ။ ပြီးတော့ ဟန်ကော်ပိုရေးရှင်းမှာ သေတစ်ပန်သက်ဆုံး အလုပ်လုပ်သွားနိုင်သည် ဟုလည်း ​မည်သူမျှ မပြောဝံ့ကြပေ။

“ အဲ့ဒါတွေ မင်းအတွင်းရေးမှူးဌာနကလူတွေကိုသွားပြောပြီးတော့ ယဲ့ရွှမ်းရွှမ်းကို နမူနာယူခိုင်းစမ်းပါ၊ ငါ့စကားတွေက အာဏာမပြင်းဘူးလား၊ ငါ့စကားထက် ငါ့ဦးလေးစကားက ပိုပြီးတော့ အာဏာစက်ထိရောက်နေသလားဆိုတာပါမေး၊ ဟိုလိုဒီလို အမိန့်ပေးရအောင် ငါ့ဦးလေးက ကုမ္ပဏီမှာ ဘာကြီးမို့လို့လဲ၊ ငါ မရှိတဲ့အချိန်မှာ ငါခွင့်ပြုချက်မပါဘဲ ရုံးခန်းထဲကို ဘယ်သူ့ကိုမှ ပေးမဝင်ရဘူးဆိုတာ သိအောင် ပြောထားပြီးသား၊ နောက်ပြီး ယဲ့ရွှမ်းရွှမ်းက ဒါကို ဆင်ခြေလုပ်ပြီး လုမန်ကို ကြိမ်းမောင်းနေတာ သူတို့အားလုံး သိတယ်၊ အဲ့ဒါဆိုရင် ဘာဖြစ်လို့ သိုက်ယီးရန်ကိုတော့ ဝင်ခွင့်ပေးလိုက်တာလဲ၊ လုမန်ကို မောင်းထုတ်တဲ့အရေးမှာတောင် ပါဝင်အားဖြည့်လိုက်ကြသေးတယ်၊ သင်းတို့က သိသိကြီးနဲ့ အမှားကျူးလွန်ခဲ့ကြတာ၊ ဦးလေးစကားတွေက ငါ့ထက်ပိုပြီး နာခံချင်စရာကောင်းနေရင် ဦးလေးဆီမှာ အလုပ်သွားတောင်းဖို့ တစ်ခါတည်း ပြောလိုက်၊ ငါ့အတွင်းရေးမှူးဌာနမှာ အဲ့ဒီလိုလူတွေကို မထားနိုင်ဘူး ”
ဟန်ကျိုးလီ အေးစက်စက်နိုင်စွာ ပြောဆိုခဲ့၏။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now