Unicode
~~~~~~~~ကုမုဒြာနဲ့ဧကရာဇ်မောင် အိမ်တော်မှာမနေတဲ့ရက်တွေမှာ ဦးမြတ်မောင်က သခင်ကြီးရဲ့အနောက်ကိုလိုက်ပြီး စောင့်ရှောက်ပေးသည် ။ သခင်ကြီးက သူ့ရဲ့ကျန်းမာရေးဆိုးရွားလာတာကို ကုမုဒြာကိုမပြောပြပဲ လျှို့ဝှက်ထားလေသည် ။
နှစ်ပေါင်းများစွာ စောင့်ရှောက်လာခဲ့တဲ့ ဦးလေးမြတ်က သခင်ကြီးရဲ့ကျန်းမာရေးအခြေအနေကိုရိတ်မိသွားတော့ ချက်ချင်းပဲဆရာဝန်ကိုခေါ်ပြီး စစ်ဆေးလိုက်သည် ။ ဆေးစစ်ချက်ထွက်လာတဲ့အခါ ဦးမြတ်မောင်အတော်လေးတုန်လှုပ်သွားလေတော့သည် ။
" သခင်ကြီးရောဂါအခြေအနေက ဘာကြောင့်အရမ်းဆိုးလာတာလဲ ဆရာ "
" သခင်ကြီးက ရောဂါဖြစ်နေတာကိုမပြောပြပဲ လျှို့ဝှက်ပြီးကုသနေလို့ပိုဆိုးလာတာ … အရွယ်ကလဲရနေပြီဆိုတော့ ဆေးပြင်းတာတွေထပ်စားရင် အဆုတ်ကိုပိုထိလိမ့်မယ် "
ငယ်ငယ်ကရူးမိုက်ကာ အလုပ်မှာအဟန့်အတားမဖြစ်အောင် ဟော်မုန်းထိန်းချုပ်ဆေးတွေအလွန်အကျွန်စားမိခဲ့၍ သခင်ကြီးမှာအဆုတ်ရောင်ရောဂါရှိနေပြီး အမြဲချောင်းဆိုးနေတတ်သည် ။ ထိုအဆင့်ကနေ အဆုတ်သွေးယိုစိမ့်ကာ ခုသွေးတွေပါပါလာခဲ့ပြီ ။ အစားထိုးခွဲစိတ်ကုသလျှင်တောင် အကောင်းပကတိပြန်မဖြစ်လာနိုင်တော့ပေ ။
" ဒါဆိုအချိန်ဘယ်လောက်လောက်ကျန်သေးလဲ "
" ခန့်မှန်ချေတော့ လပိုင်းလောက်ပဲကျန်တော့တယ် … အဆုတ်ကအတော်လေးပျက်စီးနေပြီ … ဆေးနဲ့အသက်ကိုဆွဲဆန့်ထားလို့ရပေမဲ့ အဲ့ဒါကသခင်ကြီးကိုပိုပြီး နာကျင်စေလိမ့်မယ် "
ဆရာဝန်ကအကျိုးအကြောင်းပြောပြကာ ဆေးပေးပြီးပြန်သွားတော့ ဦးမြတ်မောင် သခင်ကြီးရဲ့ဘေးမှာဒူးထောက်ချကာ ငိုကြွေးလေတော့သည် ။ သူ့ရဲ့ငိုသံကြောင့် သခင်ကြီးနိုးထလာပြီး အသံတုန်တုန်ဖြင့်ပြောလာသည် ။
" မြတ်မောင် … ငိုမနေပဲငါပြောတာကိုသာ သေချာနားထောင် "

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...