part3

3.8K 228 16
                                    

Unicoad

"Boss. .နောက်၁၅မိနှစ်နေရင် ရှယ်ယာရှင်အစည်းဝေးရှိပါတယ်"

ဆို၍ Mic Bookကိုကြည့်လျှက် စက်အားအစည်းဝေးရှိကြောင်းတင်ပြ ပြီးနောက်စက်သည်ရုံးခုံမှထလိုက်ပြီး ဝသုန့်မျက်နှာနားကိုတိုးကပ်သွားတော့ ဝသုန်သည်စက်ကိုမျက်နှာလွှဲလိုက်ပေသည်။

"Boss. ."

ဆိုပြီး စက် မျက်နှာဘက်တည့်တည့်ပြန်လှည့်တော့နီးကပ်သွားတဲ့မျက်နှာကြောင့် ဝသုန်ကြောင်အနေခဲ့သည်။ ပြောရမည့်စကားကိုပင် ပါးစပ်မှာပြောက်ရှသွားပေသည်။

စက်ပြုံးရင်းနှင့် ဝသုန့်ရဲ့နှုတ်ခမ်းကိုနမ်းဖိုးတစ်ဖြည်းဖြည်းတိုးကပ်သွားတော့ ပိုပိုနီးလာတာနှင့်အမျှ ဝသုန်နားရွက်တွေနီရဲလာပြီး ဝသုန်လန့်ကာ စက်ရဲ့ ရင်ဘက်ကြီးကိုလက်နှင့်တွန်းကန်ထားပြစ်လိုက်သည်။

တဒုတ်ဒုတ်ခုန်နေတဲ့ရင်ခုံသံတွေကိုဝသုန် ဖြုတ်ပြီးလွှတ်ပြစ်လိုက်ချင်ပါဘိ။ထိုရင်ခုံသံတွေကိုစက်ကြားမှာလဲ ကြောက်ပါသည်။

"အရမ်းကျယ်လွန်းတဲ့ အသံတွေကြားနေရတယ် မင်းဆီ့က..မဟုတ်မ ကိုယ့်ကို ရှက်နေတာလား"

ဝသုန် တစ်ဖတ်ကိုလှည့်လိုက်ပြီး

"မဟုတ်တာတွေမပြောနဲ့"

ဝသုန့်ရဲ့ ခါးကိုစက်ဆွဲဖတ်လိုက်ပြီး ဝသုန့်ရဲ့မေးဖျားကို ကိုင်မော့ကာ

"ဒါဆိုမရှက်ဘူးပေါ့ တစ်ခါလောက်နမ်းကြမလား"

"Boss. .အချိန်နီးနေပြီ လွှတ်ပေးပါ"

ရှက်သည်းဖျာနေတဲ့ဝသုန့်ကို စက် လွှတ်ပေးလိုက်သည် ဒီ့ထပ်ပိုပြီးသူဒီကလေးကို ဒုက္ခမပေးတော့ပေ တော်ကြာ အနားကနေ့ထွက်ပြေးသွားမှမဖြစ်သင့်တာတွေဖြစ်ကုန်မည်။ ဒီကလေးသူ့နားကပျောက်သွားတာနဲ့အရူးတစ်ပိုင်းဆိုသလိုကျန်ခဲ့မှာ၊သူ honeyကိုအရမ်းချစ်သည်။

အစည်းဝေးအခန်းဘက်ကိုဦးတည်ပြီးလျှောက်သွားတော့ ဝသုန်လဲခေါင်းလေးငုံပြီးလိုက်လာခဲ့သည်။

အစည်းဝေးခန်းထဲရောက်တော့ ရှယ်ယာရှင်တွေကော staffတွေကပါ ခေါင်းငုံနှုတ်ဆက်ပေသည်။

My Ex-Husband Is My BossWhere stories live. Discover now