Chapter - 10

4.9K 486 122
                                    

Unicode
~~~~~~~~

ကသစ်ပန်းက ဧကရာဇ်မောင်အားကြည့်ကာ အပြုံးလေးဖြင့် ဆိုလိုက်သည် ။

" သူဌေးရဲ့ပရော့ဂျက်အောင်မြင်မှုအတွက် ဂုဏ်ပြုပါတယ် "

" မင်းလဲငါ့ကိုအများကြီးကူညီထားတယ် … ဒီညမင်းကိုဝယ်ကြွေးမယ် "

" ကျေးဇူးပါ သူဌေး "

အစည်းအဝေးပွဲပြီးသွားပြီမို့ ဧကရာဇ်နဲ့ ကသစ်ပန်း ကားနဲ့အတူထွက်လာခဲ့ကြသည် ။ သူတို့ညနေစာအတွက်ထမင်းမစားပဲ ကသစ်ပန်းကကိတ်မုန့်ဆိုင်ကိုသွားချင်တယ်ဆိုပြီး ထွက်လာခဲ့သည် ။ ဧကရာဇ်စားနေကြ ကိတ်တစ်ခုကိုမှာပြီး အတူခွဲကာ စားကြရင်း ဧကရာဇ်က ကသစ်ပန်းကို ကျေးဇူးတင်စကားပြောလိုက်သည် ။ 

" ဒီတစ်လျှောက်လုံး မင်းငါ့အနားမှာနေပြီး ဂရုစိုက်ပေးလို့ ငါခုလိုအလုပ်ကိုအောင်အောင်မြင်မြင်နဲ့လုပ်နိုင်တာ … အတွင်းရေးမှူးတစ်ယောက်ထက်တောင်ပိုပြီး မင်းလုပ်ပေးခဲ့တယ် … မင်းကိုတကယ်ကျေးဇူးတင်တယ် "

ကသစ်ပန်းက အနည်းငယ်ရှက်ရွံ့သွားပုံဖြင့် ပြုံးလိုက်ရင်း …

" ရပါတယ်သူဌေး  ပြောစရာမလိုပါဘူး … ကသစ်ကလဲ သူဌေး လိုအပ်မယ်ထင်လို့လုပ်ပေးယုံပါ … သူဌေးလိုကြိုးစားပြီး ထက်မြတ်တဲ့လူရဲ့လက်အောင်မှာ အလုပ်လုပ်ခွင့်ရတာကိုပဲ ကသစ်ဂုဏ်ယူနေပါပြီ "

ကသစ်ပန်းက အပြုံးချိုယုံမက စကားကိုလဲချိုချိုသာသာလေးနဲ့တစ်ဖက်လူသဘောကျအောင်ပြောဆိုတတ်၍ ဧကရာဇ်မောင်သဘောကျမိတာလဲမဆန်းပေ ။ ဒီတစ်ပတ်အတွင်း သူတို့အတူအလုပ်လုပ်ရင်း ပိုရင်းနီလာကြသည် ။

ဧကရာဇ်မောင်က ကုမုဒြာနဲ့ပေါင်းစပ်ပြီးကတည်းက တစ်ခြားအိုမီဂါတွေအနားမကပ်နိုင်လောက်အောင်ထိ ကုမုဒြာရဲ့ဟော်မုန်းတွေက ဧကရာဇ်ကိုချုပ်နှောင်ထားသည် ။ ကသစ်ပန်းက ဧကရာဇ်အတွက် ကုမုဒြာမဟုတ်တဲ့ပထမဆုံးအနားကပ်နိုင်သည့် အိုမီဂါလဲဖြစ်သည် ။

ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC ) Unde poveștirile trăiesc. Descoperă acum