Unicode
~~~~~~~~အဖိုးအိမ်တော်မှာနေတဲ့ရက်များတွင်သာ မုဒြာနဲ့ဧကရာဇ်မောင် အိမ်တော်ကိုပြန်လာပြီး ချစ်ခင်သည့်စုံတွဲများပမာဟန်ဆောင်ကာ နေထိုင်ပြီးနောက် အဖိုးပြန်သွားတော့ မောင်နေတဲ့တိုက်ခန်းထံ ပြန်လာခဲ့ကြသည် ။
အဖိုးကုဌေကြွယ်က ဥက္ကဌရာထူးကိုစွန်းလွှတ်ပြီးကတည်းက နယ်လှည့်ကာ မိဘမဲ့ကျောင်းနဲ့ မပြည့်စုံသည့်ဘုန်းကြီးကျောင်းတွေထံ သွားရောက်ကာ ဇနီးနဲ့သမီးဖြစ်သူကိုရည်းစူး၍ အဆောက်အဦးတွေဆောက်လုပ်လှူတန်းပြီး သေရင်ကို့နောက်ပါမည့် ကုသိုလ်ကိုယူဆောင်သည် ။
မုဒြာကလဲ အဖိုးစိတ်ကြိုက် အလှူအတန်းပြုလုပ်ဖို့ ခွင့်ပြုပေးထားသည် ။ ဒါကြောင့် အဖိုးက တစ်ပတ်ကို အိမ်တော်မှာ အလွန်ဆုံး ၂ ရက်သာနေပြီး ကျန်အချိန်တွေကို လှူတန်းရင်းနှင့်ခရီးသွားကာ အချိန်ကုန်ဆုံးစေသည် ။
ဧကရာဇ်မောင်က သူ့ရဲ့အခန်းထံပြန်ရောက်တော့ မုဒြာအပေါ်ပြန်ပြီးအေးဆက်သွားပြန်သည် ။ အနားမှာအဖိုးမရှိနေတော့ ကုမုဒြာအား ချစ်ခင်ဟန်ဆောင်နေခြင်းမျိုး မပြုလုပ်တော့ပေ ။ မုဒြာကတော့ ဝတ္တရားမပျက် မောင့်ကို ပြုစုပေးနေခဲ့သည် ။
" မောင် … ထမင်းချိုင်ယူသွားဖို့ ခနစောင့်ပေးဦး … ပြီးခါနီးပြီ "
ဒီနေ့မုဒြာအိပ်ယာထနောက်ကျသွား၍ မောင့်အတွက်မနက်စာအရင်ပြင်ပေးပြီး ထမင်းချိုင့်အတွက်ပြင်ဆင်နေသည် ။ မောင်ကမနက်စာစားပြီး ထမင်းချိုင့်ကိုစောင့်မယူသွားတော့ပဲ ထွက်သွားသည် ။ မုဒြာပြတင်းပေါက်ကနေအောက်ကိုကြည့်လိုက်တော့ ထုံးစံအတိုင်း ကသစ်ပန်းက မောင့်ကားပေါ်တက်ကာ သူတို့အတူ အလုပ်ကိုထွက်သွားကြသည် ။
မုဒြာထိုမြင်ကွင်းကိုမြင်ရတိုင်း ရင်ထဲမှာမွန်းကြပ်လာပေမဲ့ မောင့်ကိုပြဿနာမရှာခဲ့ပေ ။ တစ်နေ့တော့ မုဒြာခံစားချက်တွေကို မောင်နားလည်ပြီး ဆင်ခြင်လာဖို့မျှော်လင့်သည် ။
ခုဆို မောင်ကမုဒြာရဲ့ဂရုစိုက်ပေးမှုတွေနဲ့အသားကျကာ တစ်ခါတစ်ရံမုဒြာအဝတ်အစားပြင်ပေးမထားမိလျှင် ဘာဝတ်ရမှန်း ဘယ်နေရာမှာဘာရှိမှန်းမသိတော့၍ မုဒြာကိုခေါ်ပြီးသူ့အတွက်အဝတ်ပြင်ပေးဖို့ပြောလာသည် ။ နတ်ကတိုင်ကိုပင် နေ့တိုင်း မုဒြာကိုယ်တိုင်ချည်ပေးရသည် ။

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...