Part 29

180 13 24
                                    

" P Tay....... P Tay...... "

Newတစ်ယောက် hotel ရှေ့ရောက်တော့ Tayကို နှိုးလိုက်တယ်....

နှိုးပေမဲ့ နိုးမလာတဲ့ Tayကြောင့် Newလဲကားparking ထိုးကာ ကားပေါ်ကဆင်းပြီးအခန်းငှားဖို့ သွားလိုက်တယ်......

2ယောက်သား ကားကို 2နာရီကျော်ကျော်စီးလာရတာမို့ နားဖို့ အခန်းငှားမှ အေးဆေးနားလို့ရမှာ....

Newလဲ Reception မှာ အခန်းငှားလိုက်ပြီး အခန်းသော့ယူကာ ကားဆီပြန်လာခဲ့လိုက်တယ်.....

ကားပေါ်မှာအိပ်မောကျနေတဲ့Tayက Newပြန်လာတဲ့ထိတောင်မနိုးသေးဘူး.....

Newလဲ ကားတံခါးဖွင့်ကာ Tayကိုယ်လေးကို လှုပ်ပြီး.....

" P Tay...... အခန်းဆီသွားရအောင်.... "

Newနှိုးတော့ Tayက မျက်လုံးဖွင့်လာပြီး ခေါင်းလေးကုပ်ကာ.....

" အင်းးး..... ကောင်လေး ရောက်ပြီလား.... "

" ရောက်တာကြာပြီ အခန်းလဲငှားပြီးပြီ သွားနားရအောင် ....."

" ကိုယ်တို့သွားရမဲ့ကုမ္မဏီကိုပဲ သွားကြမယ်လေ နားအုံးမလို့လား"

" ကျနော်ကအကို့ကိုနားစေချင်လို့ပါ မနေ့ကလဲပွဲကြောင့်ပင်ပန်းရ ခုလဲကားစီးလာရတော့ပင်ပန်းရနဲ့မို့ "

" အင်း Newလဲတူတူပဲဟာ သွားကြမယ်လေ "

" ဟုတ် "

Tayနဲ့New2ယောက်တူတူငှားထားတဲ့အခန်းဆီသွားလိုက်ကြတယ်.......

အခန်းရောက်တော့ ခနနားပြီးရေမိုးချိုးပြင်ဆင်ကာhotelမှာ နေ့လည်စာစားပြီးတာနဲ့ အလုပ်ကိစ္စချိန်းထားတဲ့ကုမ္မဏီကို သွားကာအလုပ်အကြောင်းပြောကြတယ်......

ကုမ္မဏီ ပိုင်ရှင်ceoအမျိူးသမီးနဲ့အလုပ်အကြောင်းပြောပြီးတော့ အမျိုးသမီးကသူနဲ့တူတူမုန့်လိုက်စားဖို့ Tayကိုအတင်းခေါ်တာကြောင့် 2ယောက်သား အားနာနာနဲ့ လိုက်သွားကြရတယ်....

ဆိုင်ရောက်တော့ Tayဘေးကို Newကထိုင်မယ်လုပ်တော့ ထိုအမျိုးသမီးက Tayဘေးအတင်းဝင်ထိုင်ကာ.......

" Khun ဘာစားချင်လဲ...... "

" ကျနော်က မုန့်စားရတာ သဘောမကျဘူး ဗျ New ဘာစားချင်လဲ စားချင်တာရှိရင် မှာလေ.... "

Smile And Lose Where stories live. Discover now