" ဥက္ကဌကြီး ကျွန်တော်ကဒီသဘောမျိုးပြောတာမဟုတ်ပါဘူး … ကုမိသားစုရဲ့မျိုးဆက်သစ်လေး ဘယ်တော့ထွန်းကားမလဲ သိချင်ယုံပါ … ကျွန်တော့စကားက တခြားအဓိပ္ပါယ်သက်ရောက်သွားရင် တောင်းပန်ပါတယ် … ကျွန်တော်တို့ရဲ့ သခင်အသစ်ကို ကြိုဆိုဖို့အသင့်ပါ  "

" အဟား … ဒါပေါ့ ကုမိသားစုက မျိုးဆက်သစ်ရှိကိုရှိလာမှာ "

အဖိုးအချိန်မှီရောက်လာမှသာ ဧကရာဇ်မောင်အသက်ရှူချောင်တော့သည် ။ ဒီလောကကအယ်ဖာတွေက သူတို့ထက်သာလျှင် ထိုလူရဲ့အားနည်းချက်ကိုရှာဖွေနေတတ်ကြသည် ။ ဧကရာဇ်မောင်ဆိုသည့်  ထိုအယ်ဖာက နောက်ခံမိသားစုမရှိပဲ သူဌေးကြီးကုဌေကြွယ်ရဲ့မြေး အလှလေးကုမုဒြာရဲ့ကြင်ယာဖက်ဖြစ်လာပြီး အရာရာပြီးပြည့်စုံတဲ့ဘဝကိုရရှိတဲ့အပြင် ထက်မြတ်နေ၍ သူ့ရဲ့အားနည်းချက်ဖြစ်တဲ့ ခုချိန်ထိရင်သွေးရအောင်မလုပ်​ဆောင်နိုင်သည့်ကိစ္စကိုသာ လူတွေကရောက်ရာအရပ်မှာမေးနေကြသည် ။ သူကထိုသခင်လေးရဲ့ အစားထိုးခံသပ်သပ်ဆိုတာ လူတွေထုတ်မပြောတောင် စိတ်ထဲကနေတွေးပြီး လှောင်ရယ်နေကြလောက်သည် ။

ဧကရာဇ်ကလူတွေရှေ့မှာ ပြုံးပြပေမဲ့ စိတ်ထဲရှုတ်ထွေးကာမွန်းကြပ်နေသည် ။ ကုမုဒြာဆိုတဲ့နတ်ဆိုးက လူကိုယ်တိုင်အနားမှာမရှိတာတောင် သူ့ရဲ့အငွှေ့အသက်တွေနဲ့ စိတ်ဒုက္ခအမျိုးမျိုးပေးနေသည် ။ လူကြီးတွေကိုဧည့်ခံပြီးသွားတော့ ဧကရာဇ်မောင် စိတ်ပြေလက်ပျောက်ဖြစ်အောင် တစ်ယောက်ထည်းထွက်လာခဲ့သည် ။

ထိုစဉ် သူဖြတ်သွားသည့်ဘေးနားက အသက်ရွယ်တူလောက်ရှိတဲ့ အိုမီဂါအမျိုးသမီးနဲ့အမျိုးသားများဟာ တစ်နေရာရာကိုအာရုံစိုက်ကြည့်နေကြ၍ ဧကရာဇ်မောင်အကြည့်ရောက်သွားချိန်မှာ မုဒြာတစ်ယောက်ထည်းအရက်တွေသောက်နေတာကိုတွေ့လိုက်ရသည် ။

သူ့ရဲ့ခြေလှမ်းတွေက အလိုလိုရပ်တန့်သွားကာ ထိုနေရာသို့စိုက်ကြည့်နေမိသည် ။ မုဒြာမူးတဲ့အချိန်ကရှားပါးလွန်းသလို ခုလိုအဆက်မပြတ်သောက်နေတာမျိုးလဲ တစ်ခါမှမတွေ့ဖူးပေ ။ ထိုစဉ်ဘေးနားကအုပ်စုဟာ ဧကရာဇ်မောင်သူတို့အနောက်မှာရှိနေတာကိုမသိပဲ မုဒြာအကြောင်တွေကို ပြောလာတော့သည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now