Unicode
~~~~~~~~ကသစ်ပန်းက နိုင်ငံခြားမှာ ပညာသင်ပြီး အတွေ့အကြုံများစွာရှိသူပီပီသူမက အလုပ်ကိုကြိုးကြိုးစားစားလုပ်ကိုင်နိုင်ပြီး ဧကရာဇ်မောင်ကိုအများကြီးအကူအညီပေးကာ လုပ်ငန်းမှာလဲလွယ်ကူစေခဲ့သည် ။
လပိုင်းအတွင်းမှာပဲ ဧကရာဇ်မောင်နဲ့ကသစ်ပန်းရဲ့အခြေအနေကတိုးတက်ကာ အဆင်ပြေလာခဲ့သည် ။ လုပ်ငန်းနှင့်ပတ်သပ်သည့် ပွဲတွေကိုလဲ ၂ ယောက်အတူတက်ရောက်ကြသည် ။
ပွဲတွေတက်ရတိုင်း ရင်းနီးတဲ့လူတစ်ချို့က ဧကရာဇ်မောင်ဟာ သူ့ရဲ့မိတ်ဖတ် သခင်လေးကုမုဒြာကို ချစ်လွန်းလို့ လူတွေရှေ့ထုတ်မပြနိုင်၍ အိမ်တော်မှာပဲဖွက်ထားသည်ဟု စနောက်ကာဆိုကြသည် ။ တစ်ချို့ကြတော့ ဧကရာဇ်မောင်က အရင်လိုသခင်လေးမုဒြာရဲ့အရုပ်တစ်ရုပ်မဟုတ်တော့ပဲ အတွင်းရေးမှူးအိုမီဂါအလှလေးနဲ့တွဲနေတယ်ဟု ထင်ကျေးပေးကြသည် ။ ဧကရာဇ်မောင်ကတော့ ကောလဟာလတွေအပေါ် ဘာဖြေရှင်းချက်မှမပေးပေ ။
ပထမဆုံး ပရော့ဂျက်မှာပဲ ဧကရာဇ်မောင်က ကောင်းမွန်စွာ ဖြေရှင်းကာ ကုမ္ပဏီအတွက် အမြတ်အစွန်းတွေရခဲ့၍ အဖိုးက ဧကရာဇ်မောင်ကို ချီးကျူးတဲ့အနေနဲ့ ဂုဏ်ပြုပွဲတစ်ခု ပြုလုပ်ဖို့စီစဉ်ထားသည် ။
မုဒြာလဲ နေကောင်းလာပြီမို့ အရင်ကလို အိမ်တွင်းမအောင်းတော့ပဲ တစ်ဖက်ကနေ မောင်နဲ့ကသစ်ပန်းကိုစောင့်ကြည့်ကာ ကသစ်ပန်းရဲ့အကြောင်းတွေကို စုံစမ်းကြည့်သည် ။ သို့ပေမဲ့ ကသစ်ပန်းက အလွန်လျှို့ဝှက်လွန်း၍ မုဒြာအသိအကျမစုံစမ်းနိုင်ပဲ သူမကလူလွတ်အိုမီဂါတစ်ယောက်ဖြစ်ပြီး ကနေဒါမှာကျောင်တက်ခဲ့ကြောင်းသာ သိခဲ့ရသည် ။
သူမက မုဒြာထက်အရာရာပိုပြီး ထက်မြတ်နေ၍ မောင်သူမအပေါ်စိတ်ရိုင်သွားမှာကို မုဒြာကြောက်မိသည် ။ ခုအချိန်မှာ ဘာအလုပ်အကိုင်မှမရှိပဲ အိမ်ထဲမှာသာပိတ်လှောင်နေမိတဲ့ မိမိကိုယ်ကို မုဒြာပထမဆုံးအပြစ်တင်မိခြင်းဖြစ်သည် ။ မောင်ကြိုက်တဲ့အမှောင်ထုထဲမှာ မောင်နဲ့အတူရှိနေလျှင် ပျော်ရွှင်ရလိမ့်မည်ဟု ထင်ထားပေမဲ့ ခုတော့မောင်က အမှောင်ထုထဲမှာ မုဒြာကိုတစ်ယောက်ထည်းထားရစ်ခဲ့ကာ ကျောခိုင်းသွားပြီဟု မုဒြာခံစားလာရပြီး အထီးကျန်လာသည် ။

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...