Unicode
~~~~~~~~ကားကလမ်းဘေးကိုထိုးရပ်သွား၍ လူကိုထိခိုက်မှုမရှိပေမဲ့ မုဒြာအရမ်းလန့်သွားခဲ့သည် ။ ဧကရာဇ်မောင်ကမျက်လုံးတွေကိုပိတ်ထားပြီး သတိလွတ်သွားပုံပင် ။ မောင့်ရဲ့လက်တွေက ကားလက်ကိုင်ကိုတင်းတင်းဆုတ်ကိုင်လျှက် တုန်ရင်နေတာကို မုဒြာတွေ့လိုက်ရသည် ။
မုဒြာသူ့ကိုယ်သူထိခိုက်ဒါဏ်ရာရရှိနေလားပင်မစစ်ဆေးမိတော့ပဲ ဘေးနားကမောင့်ကိုသာ စိုးရိမ်တကြီးဖြင့်ခေါ်လိုက်သည် ။
" မောင် … မောင်အဆင်ပြေရဲ့လား "
မုဒြာ ထိတ်လန့်နေတဲ့ ဧကရာဇ်မောင်အား ချက်ချင်းပဲ ပွေ့ဖက်လိုက်လေတော့သည် ။ လွန်ခဲ့တဲ့ ၁ နှစ်ခန့်က မောင့်မိဘတွေ အက်စိဒန့်ဖြစ်ခဲ့စဉ်က မြင်ကွင်းကို မောင်မြင်တွေ့ခဲ့ရပြီးနောက် မောင့်ရဲ့စိတ်အခြေအနေက အရင်ကထက်ပိုပြီးဆိုးဝါးလာခြင်းဖြစ်သည် ။ ယခုလိုအဖြစ်အပျက်က မောင့်အားသွေးပျက်မတတ်လန့်သွားစေလိမ့်မည်မှန်း မုဒြာသိနေသည် ။
ထိုစဉ် သူတို့ထံ ဘေးနားကကားတွေပါ ရပ်ပြီး ဆင်းမေးကြသည် ။ ၂ ယောက်လုံးက လန့်နေ၍ ဆေးရုံကားခေါ်ပေးကြသည် ။ မုဒြာဆေးရုံရောက်တော့မှ စိတ်အေးနိုင်တော့သည် ။
ဧကရာဇ်မောင်ကတော့ သန့်စင်ခန်းထဲကကိစ္စပြီးနောက် အားနည်းနေချိန်လဲဖြစ်သလို အတိတ်ကအဖြစ်အပျက်နဲ့တူညီတဲ့ ခုလိုအထိတ်တလန့်ဖြစ်စေတဲ့ အက်စိဒန့်ဖြစ်ခဲ့၍ သတိလစ်သွားလေသည် ။ မစိုးရိမ်ရပေမဲ့ ခုထိသတိပြန်မရလာသေးပေ ။
ထိုဆေးရုံက မုဒြာတို့မိသားစုရဲ့ သီးသန့်ဆရာဝန်ရဲ့ဆေးရုံဖြစ်သလို ဆေးရုံအုပ်ရဲ့သား ဒေါက်သာယံယံချန်သော်ဟာ မုဒြာရဲ့သူငယ်ချင်းလဲဖြစ်သည် ။ ဒါကြောင့် မုဒြာအပေါ်ထပ်သို့တက်လာကာ ဒေါက်တာနဲ့တွေ့ခွင့်တောင်းလိုက်တော့ ချက်ချင်းပဲ ဒေါက်တာက ဝင်ခွင့်ပြုလိုက်သည် ။
" မုဒြာ … ငါခုပဲမင်းရောက်နေတယ်ကြားလို့မင်းဆီလာမလို့ တုန်ကင်ယူထားတဲ့လူနာတွေကိုအမြန်ကြည့်ပေးနေတာ "

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...