Unicode
~~~~~~~တစ်ပတ်ခန့်အချိန်ယူကာ ပြင်ဆင်ပြီးတဲ့နောက်မှာ အဖိုးက ဧကရာဇ်မောင်အား ကုမိသားစုစီးပွားရေးလုပ်ငန်းစုအားလုံးရဲ့ ဥက္ကဌရာထူးကို အလွယ်တကူပင် လွှဲပြောင်းပေးအပ်လိုက်လေသည် ။ မမျှော်လင့်ထားတဲ့ရာထူးကို ရရှိလိုက်ပေမဲ့ ဧကရာဇ်မောင်ကမပျော်ရွှင်ပဲ လူတွေရဲ့အမြင်ကိုသာ အာရုံစိုက်နေခဲ့သည် ။
သို့ပေမဲ့ အတွေ့အကြုံရှိပြီး ထက်မြတ်တဲ့သူ့အား ဘယ်သူမှကန့်ကွက်ခြင်းမရှိသလို အားလုံးကဂုဏ်ပြုဝမ်းမြောက်ကြသည် ။ ဧကရာဇ်မောင်လဲ အိမ်မှာချုပ်နှောင်ခံထားရတာထက်စာရင် အလုပ်ကိုအာရုံစိုက်ပြီးနေရတာက ပိုကောင်မည်ဟု တွေးလိုက်သည် ။
ပထမဆုံး ဥက္ကဌအသစ်ရဲ့ရုံတက်ပွဲနေ့၌ ထူးထူးခြားခြား ကုမုဒြာဟာ အစောကြီးထကာ ပြင်ဆင်နေလေတော့သည် ။
" မောင်နဲ့ဒါလေးကလိုက်လောက်လား …
မောင်ကအသားဖြူပြီး အရပ်လည်းရှည်တော့ နတ်ပြာရောင်လေးနဲ့လိုက်မှာပဲ …
နတ်ကတိုင်က အဆင်းကြားလေးကိုမှ ရင်ထိုးကစိန်စီထားတာလေးဆို အဆင်ပြေမယ် …
နာရီကရော အသစ်ထွက်တာကမရောက်သေးဘူးပဲ … အရေးကြီးပါတယ်ဆိုမှ ဟူး …
ဖိနပ်ကအနက်ရောင်လေးဆင်ပေးမယ် … မောင်ကတော့ အရမ်းခန့်ပြီး ချောနေတော့မှာ "
မုဒြာဟာ မောင့်အတွက် အရာအားလုံးကို သူကိုယ်တိုင်ဆင်မြန်းပေးရတာနှစ်သက်သည် ။ မောင့်ရဲ့ဝေရာဝစ္စအားလုံးကို အိမ်ဖော်တွေတစ်ယောက်မှမပြုလုပ်စေပဲ အဝတ်အစား အစားအသောက်နဲ့ အသုံးအဆောင်တွေအတွက် သူကိုယ်တိုင်ရွေးချယ်ပေးလေ့ရှိသည် ။ မောင့်အကြိုက်ကို သူအသိဆုံးပင် ။
" မင်း … ဒီမှာ ဘာလုပ်နေတာလဲ "
ရေချိုခန်းထဲကနေထွက်လာတဲ့မောင်က ခါးမှာအဖြူရောင်သပတ်ပတ်ထားပြီး အပေါ်ပိုင်းအဝတ်ဗလာနဲ့ ကိုယ်ပေါ်မှာ ရေစက်များတွဲခိုလျှက်ရှိနေပုံက အလွန်ဆွဲဆောင်မှုရှိလှသည် ။ မောင်ကတစ်ယောက်ထည်းစကားတွေပြောနေတဲ့ မုဒြာအား ရပ်ကြည့်ကာ မေးလိုက်ခြင်းဖြစ်သည် ။

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...