Chapter - 1 🚨🚨

27.9K 1K 37
                                    

Unicode
~~~~~~~~

အင်အားကြီးတဲ့အယ်ဖာတွေက အိုမီဂါတွေကို သိမ်းပိုက်ကြတဲ့ ဒီကမ္ဘာကြီးမှာ ငွေသာရှိရင် အရာအားလုံးကိုပြောင်းပြန်ဖြစ်အောင် လုပ်ဆောင်နိုင်ကြသည် ။ ဥပမာ အင်အားကြီးတဲ့ အိုမီဂါက အယ်ဖာတွေကိုသိမ်းပိုက်လိုက်တာမျိုး ...

ဒါကဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့လဲဆိုနိုင်သလို အင်အားကြီးသူက ကမ္ဘာကြီးကိုတောင် ပြောင်းပြန်လည်အောင်လုပ်ဆောင်နိုင်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း အင်အားကြီးတဲ့ အိုမီဂါတွေက မိမိနှစ်သက်တဲ့အယ်ဖာတွေကို ရစ်ပတ်ချည်နှောင်ထားတတ်ကြသည် ။

တစ်ချို့က ငွေရေးကျေးရေးကြောင့် မငြင်းဆန်နိုင်ကြသလို တစ်ချို့က မိသားစုအခက်အခဲကြောင့် လက်ခံရတာမျိုးရှိကြသည် ။ တစ်ခါတစ်ရံမှားယွင်းစွာ ချုပ်နှောင်မှုတို့ကြောင့် နာကျင်ရတာမျိုးလဲရှိကြသည် ။

ညအမှောင်ထုထဲမှာ လရောင်ကြောင့် ပွင့်လန်းသည့် လှပတဲ့ပန်းလေးက အဆင်းသာရှိပေမဲ့ အနံ့မဲ့ကာ အဆိပ်ပြင်းမည်ဟု ဘယ်သူကထင်မိမှာလဲ ... ထိုပန်းကို ချိုးယူမိတာက အမှားကြီးတစ်ခုသာဖြစ်လိမ့်မည် ။

အတိတ်ကိုသာ ပြင်ဆင်နိုင်ခွင့်ရှိမယ်ဆိုရင် ထိုပန်ကိုမတွေ့မိအောင် ရှောင်ဖယ်သွားဖို့ဆုံးဖြတ်မိမည်ပင် ။

*

*

*

မီးရောင်စုံတွေအောက်မှာ ကခုံနေကြသည့် လူတွေက လောကကြီးမှာ ဖြစ်ပျက်နေသမျှကိုမေ့ဖျောက်ကာ ခနသာစိတ်လွတ်ကိုယ်လွတ် ပျော်မြူးနေကြသည် ။

Alpha , Beta , Omega ဆိုသည့် လူသားအားလုံးဟာ တစ်နေရာထည်းမှာစုဝေးနေကြပြီး ကိုယ့်ဖြစ်တည်မှုတိုင်းကို စိတ်လွတ်ကိုယ်လွတ် ထုတ်ဖော်ကာ ပျော်ရွှင်နေကြသည် ။

ထိုနေရာသို့ Alpha နဲ့ Beta အများစုက စိတ်အပန်းဖြေဖို့အတွက် ရောက်လာတတ်ကြပြီး Omega အများစုကတော့ ဖျော်ဖြေရေးဝန်ဆောင်မှုကိုပေးစွမ်းကြသည် ။ ချိုအီတဲ့သူတို့ရဲ့ရနံ့နဲ့ သေသွယ်သည့် ကိုယ်ခန္ဓာအလှတွေက ရက်မကာထက်ပင် လူတွေရဲ့စိတ်ကို စွမ်းဆောင်နိုင်ကြသည် ။

ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC ) Unde poveștirile trăiesc. Descoperă acum