ပြောရင်း လီရှီချင်းက သက်ပြင်းချတယ်။

" ယန့်ကျီမြစ်တစ်ဖက်ကမ်းကလူတွေသာကြားရင် ငါ့လုပ်ရည်ကိုင်ရည်နဲ့ ဒီလိုဖြစ်သွားတယ်ဆိုတာ ယုံမှာတောင် မဟုတ်ဘူး။ ရှောင်းလီ.... ငါ မင်းအတွက် အများကြီး စွန့်လွှတ်ခဲ့ရတယ်။ တခြား ဘယ်သူများ ငါ့ထက် မင်းအပေါ်ကောင်းနိုင်ဦးမှာလဲ။ "

ထို့နောက် ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့်

" မင်းကြိုက်လှချည်ရဲ့ဆိုတဲ့ကောင်ကရော.... ဘာများလုပ်ပေးနိုင်တယ်တဲ့လဲ....ဟမ်? "

ရှောင်းလီ တဖန် တွန်းထိုးရုန်းကန်လိုက်ပြီး

" အဲ့ဒါက ဘယ်လိုလုပ်တူနိုင်မှာလဲ ချင်းရယ်....။ သူ့ကို ဖိအားမပေးပါနဲ့။ "

" မင်း ပြောတာ မှားနေပြီ။ "

ရုတ်တရက် ရှောင်းလီ တက်တူးကို ပွတ်သပ်နေတဲ့ လက်တို့မှာ အားတွေပါလာကာ အတင်းတွန်းဖိနေသကဲ့သို့ပင်။ သို့သော် လေသံကတော့ နွေးထွေးလျက်။

" ရှောင်းလီ.... မင်းသာ ငါ့ကို ဖိအားမပေးရမှာ။ "

ဒီလို နွေးထွေးတဲ့အသံမျိုး လီရှီချင်းထံမှ ကြားရတာ အလွန်ကြာပြီဆိုသော်ငြား သူ့မျက်နှာထက်မှာ ပြီးပြည့်စုံတဲ့အပြုံးတစ်ခု ရှိနေမယ်ဆိုတာ ရှောင်းလီ မမြင်နိုင်ပေမယ့် တပ်အပ်သိတယ်။ သူ့အတွက်တော့ ဒီလေသံနဲ့ဒီအပြုံးဆိုတာ သွေးသံတရဲရဲ မြင်ကွင်းနဲ့ တွဲပြီး မှတ်မိနေတာမျိုး။ အတိတ်ကို ပြန်ပြောင်းတွေးမိမှ ရှောင်းလီ တစ်ကိုယ်လုံး တုန်ယင်လာကာ အသံပင် တုန်လျက်။

" ကျွန်တော် တောင်းပန်ပါတယ် ချင်းရယ်..... ကျွန်တော် တောင်းပန်ပါတယ်။ "

" မင်းပြောတာ မှားနေပြန်ပြီ။ "

လီရှီချင်း သက်ပြင်းဖွဖွချကာ ရှောင်းလီကျောထက်က တက်တူးကို နမ်းရှိုက်ပြီး

" ရှောင်းလီ... ငါကသာ မင်းကို တောင်းပန်ပါရစေ။ "

ရုတ်တရက် ရှောင်းလီမျက်လုံးကိုကာထားတဲ့လက်တို့က အားပိုများတာကြောင့် ရှောင်းလီတစ်ယောက် အမြင်အာရုံ လုံးဝ ဝေဝါးထွေပြားလျက်ရှိကာ သူ့နား,နားကပ်ကာ တတွတ်တွတ်ပြောနေတဲ့ လီရှီချင်း အသံကိုသာ ကြားနေရတယ်။

Lawless Gangster (Myanmar Translation)حيث تعيش القصص. اكتشف الآن