Part 28

163 14 16
                                    

ကားပေါ်ကို တိတ်တိတ်ကလေး တက်လာပြီး ရှက်ကိုးရှက်ကန်းဖြစ်နေသူက Tay.......

Newလဲ ဘေးက Tayကို ကြည့်ပြီး ကြိတ်ပြုံးကာ ခပ်တည်တည်နဲ့ချောင်းဟန့်ရင်း......

" P Tay အဆင်ပြေရဲ့လား "

" အာ..... အင်း ပြေပါတယ် ဘာလို့မေးတာလဲ "

" ဒီတိုင်းပဲ စိတ်ပူလို့ ကျနော်စထွက်တော့မယ်နော် "

" အင်း.... "

Newလဲ Tayနဲ့အကြည့်ချင်းဆုံမိတော့ ကားခါးပတ်ကြိုးဆီ မျက်စပစ်ပြလိုက်တယ် ......

" 2နာရီကျော်ကျော် ကားစီးရမှာကို မေ့နေတာလား "

" ဟီး.... sorryနော် ကိုယ်တကယ်သတိမရတာ "

Newကားမောင်းနေရင်း ဘေးက Tayကို တစ်ချက်တစ်ချက်လှမ်းကြည့်ကာ Tayက ကားမှန်ဘက်ကို မျက်နှာမူနေတာကြောင့် Tayလက်ကို လှမ်းကိုင်လိုက်ပြီး.......

" ညက P Tay ပြောခဲ့တဲ့စကားကို မှတ်မိလား "

" အင်း ကိုယ့်ကိုယ်ကို အပြစ်မတင်တော့ပါဘူးဆိုတဲ့စကား "

" တော်တယ် နောက် ဘယ်တော့မှ မမ Sanndee နဲ့ပတ်သက်ပြီးမခံစားနဲ့တော့နော် Okလား "

" ကိုယ် ကြိုးစားမှာပါ "

" P Tayကို ကျနော့်ဘဝအကြောင်းပြောပြမယ် နားထောင်ချင်လား "

Tayလဲ Newပြောတာကို နားထောင်ချင်တာကြောင့် ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်တယ်......

" အဲ..... ကျနော့်ဘဝကြောင်းဆိုလို့ P Tayက တော်တော်များများသိနေပြီးသားမလား ဘာလို့ထပ်ပြောရအုံးမှာလဲ "

" ဟမ်..... Newနဲ့ပက်သတ်ပြီး ကိုယ်သိထားတာ ဘာမှမရှိသလိုပဲနော်........ "

" P Tayနော် မသိချင်ယောင်ဆောင်နေတာတွေ အခုရပ်လိုက်........ "

" Newနော် Newပဲ ပြောပြမယ်ဆိုပြီး ခုကျ ကိုယ်သိပြီးသားဖြစ်သွားပြီလား မတရားလိုက်တာ.... "

" ဟားး .....ဘာလဲ မနေ့ညက ကျနော်ပြောခဲ့တဲ့စကားတွေက နောက်နေတယ်ထင်လို့လား..... "

" အဲ့လိုမဟုတ်ပါဘူး Newရဲ့ ကိုယ်သိချင်တဲ့ Newအကြောင်းက သက်သက်ရှိနေသေးလို့ပါ "

Smile And Lose Where stories live. Discover now