🖤( One Shot )🖤 (Unicode)

2.1K 129 19
                                    

" ခင်ထားမီ "

      ဟုတ်တယ်။သူမ နာမည် "ခင်ထားမီ" တဲ့ သိပ်လည်းဆန်းပါ့ သိပ်လည်းလှပါ့ ။ လူ​လေးကိုကြည့်မလား အ​တော်ကိုချစ်စဖွယ်ရှိတဲ့ အမျိုးသမီး​လေး​ပေါ့ ။ ကျွန်မ အသဲစိုင်တစ်စုံကိုလှုပ်ခတ်လိုက်နိုင်ပါတဲ့ အမျိုးသမီး တစ်ဦး​ပေါ့ ......

" ကျွန်မ နာမည် သျှား​သွန်းခက် ကျွန်မ အသက်၂၀ပြည့်​တော့မယ် ။ ကျွန်မ ဒီနိုင်ငံမှာ​မွေးတာ​တော့မဟုတ် ကျွန်မအ​မေနဲ့အ​ဖေ ရဲ့စီးပွား​ရေးအရ ကျွန်မကို တိုင်းတပါးမှာ​မွေးပြီးလို့ ကျွန်မအသက်၁၀နှစ်သမီး မှ ဒီနိုင်ငံ​ရောက်လာတာ ကျွန်မချစ်တဲ့ မြန်မာနိုင်ငံကို​ပေါ့ ။ ဆက်ရမည်ဆိုလျှင်.....ကျွန်မဘဝ အသက်၂၀မပြည့်မှီ ကိုယ့်​ခြေ​ထောက်​ပေါ်ကိုယ်ရပ်တည်ပြီး လုပ်ငန်းတစ်ခုထဲ ဝင်မဲ့ ​နေ့တစ်ရက်က​နေ စမယ် "

"သျှား ​ရေ....Ready ဘဲလား​ဟေ့ "

"Ready ဘဲမာမီ သျှား ဆင်းလာပြီ "

       ____ကျွန်မ အ​ဖေရဲ့မိတ်​ဆွေကုမ္မဏီမှာ ကျွန်မပထမဆုံး အလုပ်ဝင်ရမဲ့​နေ့​ပေါ့ ထုံးစံတိုင်းပင် အ​မေဖြစ်သူ ကျွန်မရဲ့မာမီ က​တော့​လော​ချေ​နေ​လေပြီ______

" သျှား ​နေ့လည်စာလည်း​သေချာစားအူး​နော် တစ်ခုခုအဆင်မ​ပြေတာရှိရင် မာမီ့ကိုဖုန်းဆက်​ပြောအူး "

"အင်းပါ မာမီရယ်....သျှား လည်းက​လေးမဟုတ်​တော့ပါဖူး သျှား ဖုန်း​ဆက်မယ်​လေ​နော် မာမီ အခု​တော့ သွား​တော့မယ် ဒယ်ဒီ ကား​ပေါ်မှာ ထိုင်​စောင့်​နေရလို့ ​လောင်​နေ​လောက်ပြီ ဟီဟီး "

"​အေး​အေး ​ဖြေး​ဖြေးသွားအူး ဒီသားအဖ​တွေ လမ်းမှာသတ်မ​နေကြနဲ့အူး​နော် "

"သွားပြီ မာမီ​ရေ......ဘိုင်း "

ကား​ပေါ်​ရောက်_____

"ကြာလိုက်တာ သမီးရယ်....ကဲ ကြည့် ဝတ်လာတဲ့ပုံကလည်း မိန်းက​လေး မဆန်လိုက်တာ​နော် "

______ စပါပြီ ကျွန်မ​အ​ဖေ ရဲ့ ကျွန်မ ​ဝတ်စားဆင်ယင်မှု​ပေါ် ထင်မြင်သုံးသပ်ချက် ​တွေ...._______

"​ဒယ်ဒီရယ်....ဘာဖြစ်သတုန်း ဒါ သျှား ဝတ်​နေကြ ပုံစံ style pant ရယ် coat ရယ် shoe ရယ် လွယ်အိတ် ရယ်ဘဲ​လေ office နဲ့လည်းလိုက်ပါတယ် ဒယ်ဒီရဲ့ "

သျှား ရဲ့ မီ 《 One Short 》Where stories live. Discover now