" Namjoon ရေ သီချင်းဖွင့်ဖို့ကိစ္စရော "

" လုပ်ပြီးပါပြီ ကျနော့်သူငယ်ချင်း ယူလာပါလိမ့်မယ် "

" ဖုန်းတော့ထပ်ဆက်ထားဦး "

" ဟုတ်ကဲ့ပါ အစ်ကိုကြီး "

သူ့ရွေးချယ်မှု မမှားဘူးဆိုတာကိုလည်း အစ်ကိုကြီး Park က အပြည့်အဝယုံကြည်သည်။ Jimin နဲ့စပြီးဆုံတွေ့ပေးကတည်းက Namjoon ရဲ့အကြည့်တွေကို သူကောင်းကောင်းအကဲခတ်မိသည်။

Namjoon ဆိုတာက အသိုင်းနဲ့အဝိုင်းနဲ့ သူ့ခြေထောက်ပေါ် သူရပ်နေတဲ့သူဖြစ်တဲ့အပြင် သူ့ကျေးဇူးတွေနဲ့လည်း မကင်းတဲ့သူဖြစ်သည်။ Jimin ဆိုတာက ရသလောက်လေးတော့ဆိုးသော်လည်း သူ့ကို ချစ်ကြောက်ရိုသေရသူဖြစ်သည်။ အစ်ကိုကြီး Park က သူတစ်ယောက်တည်းဆော့နေတဲ့ သူ့ရဲ့ကျားကွက်တွေကို ဟာကွက်မရှိအောင် ရွှေ့နိုင်ခဲ့ပါသည်။

အချစ်တွေဘာတွေကို သူသိပ်စိတ်မဝင်စားပါ။ တစ်သက်လုံး ဖူးဖူးမှုတ်ထားခဲ့တဲ့ သူ့ညီငယ်လေး Jimin က ဒါဆိုဒါ ဟိုဟာဆိုဟိုဟာ ဆိုးသမျှကို သည်းခံပေးပြီး အဆိုးမှန်သမျှကို အကောင်းဖြစ်အောင် ဦးဆောင်ပဲ့ပြင်ပေးနိုင်မယ့်သူကသာ Jimin ရဲ့အချစ်ဖြစ်ရမယ်လို့ သူက တရားသေတွက်ချက်ထားခဲ့သည်။

" အစ်ကိုကြီးတို့က ဆူညံလိုက်တာ...ကောင်းကောင်းကိုအိပ်လို့မရပါလား "

Jimin က အပေါ်ကစွပ်ကျယ်လက်ပြတ်နှင့် အောက်ကဘောင်းဘီတိုတစ်ထည်ဝတ်ထားပြီး ခြံထဲသို့‌ရောက်လာသည်။ သိပ်မပြင်းသေးတဲ့နေရောင်ခြည်နုနုအောက်မှာ Jimin ရဲ့နဂိုဖြူပြီးသားအသားအရည်က ပိုပြီးဝင်းပလို့နေသည်။

" ကောင်းတယ် နိုးလာတာနဲ့အတော်ပဲ....အင်္ကျီပြန်သွားဝတ်ကြည့် သွား "

" ဟာ မဝတ်ပါဘူးဆို...ကျနော်မကြိုက်ဘူး သက်တောင့်သက်သာဖြစ်တာပဲဝတ်မှာ "

" ပြောရဆိုရခက်လိုက်တာ Park Jimin ရယ် "

အစ်ကိုကြီး Park က စုပ်တသတ်သတ်နဲ့ ခေါင်းရမ်းနေသည်။ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲမျိုးမလုပ်ချင်ပါဘူးဆိုလို့ ခြံဝန်းထဲမှာပဲ သီးသန့်ဆန်တဲ့မင်္ဂလာပွဲလုပ်ဖို့ကို လက်ခံခဲ့ပြီးပြီ။ ဓာတ်ပုံတွေအများကြီးရိုက်ရတာစိတ်ရှုပ်တယ်ဆိုလို့ ဓာတ်ပုံလေးငါးပုံလောက်ရဖို့ကို ဒါရိုက်တာကြီးက ချော့ချော့မော့မော့နဲ့ ရိုက်ခဲ့ရသည်။ အခုကျပြန်တော့လည်း အားလုံးစီစဉ်ပြီးသား အနောက်တိုင်းဝတ်စုံကို မဝတ်ချင်ဘူးဆိုပြီး ဘူးခံနေ‌လေပြန်သည်။

I hate that ' I love you 'Where stories live. Discover now