Sparkle

1.2K 96 4
                                        

(Unicode)


ရုတ်တရက်ကြီး အဖေရဲ့ နယ်ပြောင်းရွေ့ရသည့် အလုပ်ကြောင့် ဆောင်ဟွန်းတစ်ယောက်အတော်ပင် စိတ်အိုက်သွားရသည်။

ဆိုးဖော်ဆိုးဖက် သူငယ်ချင်းကောင်တွေကို ထားခဲ့ရတာတစ်ကြောင်း၊ မြို့ကြီးကနေ အနေစုတ်သည့်မြို့သေးနုတ်နုတ်လေးမှာ နေရမယ်ဆိုတာက တစ်ကြောင်း။

ပြောင်းရမယ် စသိတုန်းကလဲ အဖေနဲ့ပင် ရန်ဖြစ်သည်အထိ သူ ပွဲကြမ်းခဲ့သေးသည်။ ဟုတ်ပါသည်၊ သူက ခပ်ဆိုးဆိုး၂၀အရွယ်ကောင်လေးပင်။

မျက်စိရှေ့တွင် အလုပ်ရှုပ်နေကြသည့်အဖေနဲ့အမေကို ကြည့်ပြီး စိတ်ညစ်ရသည်။ ဆောင်ဟွန်းကတော့ စောစောကပဲ ချသွားသည့် ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ်ထိုင်နေလိုက်သည်။

"သား၊ ဆောင်ဟွန်း သားအခန်းက ပစ္စည်းတွေထည့်နေတုန်းမို့ အမေတို့လဲ အလုပ်ရှုပ်နေတော့ သား လမ်းလေးဘာလေးထွက်လျှောက်ရင်း လျှောက်ကြည့်လေသား"

အမေ့စကားကြောင့် နှာတစ်ချက်မှုတ်ကာ ထရပ်လိုက်သည်။ ခုချိန် လုပ်စရာဒါရှိတော့တာပဲမလား။

ဖိနပ်ပြန်စီးနေတုန်း နောက်ပါးဆီမှ အဖေ၏ "ရန်ဖြစ်မလာနဲ့" ဆိုသည့်အသံလဲ ကြားလိုက်သော်လည်း ဂရုမစိုက်ပေ။

ရပ်ကွက်ထဲ ပတ်ကြည့်သော်လည်း စိတ်ဝင်စားစရာမတွေ့သဖြင့် ဟိုဘက်လမ်းသို့ သွားဖို့ပြင်လိုက်သည်။

ဒီဘက်လမ်းလဲ ထူးမခြားမို့ ဆောင်ဟွန်းအတော်ပင် ချဥ်ပေါက်လာသည်။ လမ်းလျှောက်ရတာပင် ညောင်းလာလို့ မျက်စိရှေ့မှ အအေးဆိုင်ကိုသာ ဝင်ထိုင်နေလိုက်တော့သည်။

အအေးသောက်ရင်း အာရုံထဲဝင်လာတာက မျက်နှာချင်းဆိုင်က စာအုပ်အငှားဆိုင်လေးပင်။ ဘာရယ်မသိ၊ ခမ်းခမ်းနားနားလဲ မဟုတ်၊ ခပ်ဆွေးဆွေးအညိုရောင်ဆိုင်လေးသည် ချစ်ဖို့တော့ကောင်းသည်။

အင်း၊ ပျင်းနေတာနဲ့ အဲ့ဆိုင်လေးကိုပဲ သွားလိုက်ရမလား။

•••••••••

အသစ်ရောက်လာတဲ့ စာအုပ်ပုံးထဲမှ စာအုပ်တွေကို သူ့နေရာနှင့်သူ၊ သူ့အမျိုးစားလိုက် စီကာ တင်ထားသည်။

Sparkle (Jayhoon)Where stories live. Discover now