Chapter 67(Uni)

9.1K 1.2K 53
                                    

ငါမင်းနဲ့အတူရှိနေတာကိုသူသဝန်တိုမှာလား?

ယစ်မူးဖွယ်ကောင်းသည့်ညတစ်ညတွင်ဖြစ်သည်။
နူးညံ့သောဂွမ်းမွေ့ယာသည်အပေါ်သို့မြှောက်တက်နေကာ ဖြူဖွေးနူးညံ့သည့်စောင်ကတဖြည်းဖြည်းလှစ်ဟလာ၏။

ကျီ့ခယ်း ၏မျက်လုံးများကအဝတ်မည်းတစ်ခုနှင့်ဖုံးအုပ်ခံထားရပြီး ဒေါသ အတ္တ ကင်းသောသူများကိုပင်လျှင် သူ့(ကျီ့ခယ်း)အားတစ်ခုခုလုပ်ချင်စိတ်ပေါ်လာအောင်ဆွဲဆောင်နေလေသည်။

ထို့နောက်တွင်တော့ ရင်းနှီးနေဟန်အပူချိန်တစ်ချို့က ရိုးတွင်းခြင်ဆီထဲအထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်လာပြီး ကျီ့ခယ်း၏ဉီးနှောက်ရှိအောက်ဆီဂျင်တို့အားပြတ်တောက်သွားစေ၏။၎င်းနောက် တိမ်ဖုံးလာဟန် အတွေးစတို့က သူ့အား ရေကန်အောက်ခြေအောက်သို့ဖြည်းဖြည်းချင်းဆွဲချသွားလေတော့သည်။

အခန်းတွင်း၌ရှိနေစဉ်ပင်သူ၏လည်ပင်းနောက်မှခံစားလိုက်ရသောလေပူတစ်ချို့တို့က သူ့အားရေမွန်းနေရာမှလွတ်မြောက်အောင်မလုပ်ပေးနိုင်ပေ။

အချိန်အတန်ကြာမှ ကျီ့ခယ်း၏ရှေ့တွင် စူးရှရှအဖြူရောင်အလင်းတန်းတစ်ချို့ပေါ်လာပြီးသည်
နှင့်တစ်ဆက်တည်း ယောကျာ်းတစ်ယောက်၏ဩရှရှအသံတစ်ချို့ကသူ့နားထဲသို့ရောက်လာတော့၏။

" အားယွီ အဆင်ပြေရဲ့လား "

ကျီ့ခယ်း သူ၏မျက်လုံးကိုအတင်းဖွင့်ကာကြည့်လိုက်တော့ ဆံပင်များကြားတွင်ချွေးများစိုရွှဲနေပြီးသူ၏မျက်နှာလေးသည်ပင်အနည်းငယ်သေးငယ်သွားသယောင်ပေါ်နေ၏။ အသိဝင်သွားသောကျီ့ခယ်းကအနည်းငယ်တော့ ကြောင်တောင်တောင်ဖြစ်နေဟန်။

ထိုလူအား သူထပ်မံပြီး အိပ်မက်မမက်ခဲ့တာ အလွန် ကြာပြီဖြစ်သည်။

လွန်ခဲ့သည့်နှစ်များက သူ့စိတ်ထဲနက်နက်ရှိုင်းရှိုင်းနစ်မြှုပ်စွဲထင်နေခဲ့သောမှတ်ဉာဏ်တစ်ချို့က ပစ္စည်းများထည့်ထားသောသေတ္တာတစ်လုံး ပွင့်ကျလာသကဲ့သို့ပင် ပွင့်အံလာရတော့သည်။

မှတ်ဉာဏ်အလွန်ကောင်းခြင်းကအလွန်ကောင်းသောအရာတစ်ခုမဟုတ်ပေ။

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now