အပိုင်း(၁၄)

4.2K 427 3
                                    

"မောင်...."

ဆိုင်ရှေ့နားတွင်အတော်ကြာရပ်နေတဲ့ကားနားသို့ရောင်နီကလာပြီးနောက် ကားထဲတွင်ထိုင်နေတဲ့ကိုမောင်ကိုခေါ်လိုက်သည်။ကိုမောင်ကလည်း

"နေပူကပူနဲ့ဘာထွက်လုပ်တာလဲရောင်နီ"

"မောင်ကရော ဘာလို့အထဲမဝင်ပဲ အပြင်ကနေကြည့်နေရတာလဲ"

"မောင်လာရင် အလုပ်ရှုပ်မှာဆိုးလို့ပါ။"

"လာမောင် အထဲလိုက်ခဲ့"

ရောင်နီလည်းကားတစ်ခါးကိုဆွဲဖွင့်လိုက်ပြီးနောက်ကိုမောင်လက်ကို ဆွဲကာ လက်ဖက်ရည်ဆိုင်ထဲသို့ခေါ်လိုက်သည်။ဆိုင်ထဲ၌လူတစ်ချို့ကကြည့်နေကြသည်။ ဆိုင်ပိုင်ရှင်ရဲ့ခင်ပွန်းမှာတစ်ခြားသူမှမဟုတ် မြို့အုပ်မင်းမဟုတ်လား။

"ထိုင်မောင် ဒါနဲ့စင်သီယာတို့နဲ့ကိစ္စကဘယ်နှယ့်လဲ"

"မောင်က အလုပ်ကြောင်းတွေပြောရတာမကြိုက်ဘူးရောင်နီ..."

"ကောင်းပြီမောင်ဒါနဲ့မောင်ဘာစားမလဲ"

"မောင်ပြောစရာရှိတယ်။"

"ဘာပြောမလို့လဲပြောလေမောင်"

"မောင်တို့မနက်ဖြန်မန္တလေးသွားကြမယ်။"

"ရုတ်တရက်ကြီး ဘာသွားလုပ်မလို့လဲမောင်"

"တန်ဆောင်တိုင်နီးနေပြီဆိုတော့ အချိန်ပေးပြီးအတူတူလျှောက်လည်ချင်လို့"

မထင်မှတ်ထားတဲ့စကားကိုကြားလိုက်ရသောကြောင့်ရောင်နီတကယ်အံဩသွားသည်။ခဏအကြာတိတ်ဆိတ်နေပြီးမှ

"မနက်ဖြန်တကယ်သွားမှာမလားမောင်"

"ဟုတ်တယ် မောင်ကလိမ်စရာလား"

"ကျွန်တော့်အနားမှာရှိနေပေးတဲ့အပြင် အခုလိုလိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်မောင်။"

*********
အချိန်မှာ ဖြင့်ည၁၀ နာရီထိုးနေပြီဖြစ်သည်။ ဖိုးတုတ်တစ်ယောက် ကားတစ်စီးနားသို့သွားကာ

"မင်္ဂလာပါမမလေး"

"နင့်ကိုအနီးကပ်လွှတ်လိုက်တာ သူတို့နဲ့ရင်းရင်းနှီးနှီးနေဖို့မဟုတ်ဘူးနော်!"

ချစ်၍ခေါ်ရာ -complete -Où les histoires vivent. Découvrez maintenant