နေးအတွေးထဲမျောနေပြီးမှဖေဖေ့ကိုသတိရသည်။ဖေဖေက လမ်းမှာစားဖို့ သစ်သီးတွေနဲ့ထမင်းဘူးကိုထည့်နေတာပင်။

" ဖေဖေ အဆင်သင့်ဖြစ်ရင်သားတို့သွားကြမလား ကားထဲမှာ နောင် စောင့်နေတယ် "

" သွားကြတာပေါ့ သားငယ် "

ဖေဖေနဲ့နေးလည်း အိမ်ရှေ့မှာရပ်ထားသောကားဆီသို့သွားလိုက်ပြီး ဖေဖေ့ပစ္စည်းအိတ်များကို ကားနောက်ဖုံးထဲထည့်လိုက်သည်။ဖေဖေက နောင့်ဘေး lover seat မှာဝင်ထိုင်လိုက်ပြီးနေးကတော့ ကားနောက်ခန်းမှာဝင်ထိုင်လိုက်သည်။

"နောင်လေး"

" ဗျာ ဘဘကြီး "

" သားရဲ့နေးကို သားဆီအပ်ပါတယ်ကွယ် နောင်လေးကစောင့်ရှောက်ပေးပါဦး"

" ကျွန်တော့အသက်နဲ့လဲပြီးကို နေးကိုကာကွယ်မှာပါ  ၊ အရင်တစ်ခါလိုထပ်မဖြစ်စေရပါဘူး "

နောင့်စကားကိုကြားတော့ နေးမျက်နှာလေးကချက်ချင်းတည်သွားပြီး ကားမှန်ကတဆင့် အပြင်ဘက်ကိုငေးနေတာကို  ကားနောက်ကြည့်မှန်ကတစ်ဆင့် နောင် တွေ့လိုက်ရသည်။

တကယ်ဆို ခင်ဗျားရဲ့ဒဏ်ရာတွေကို ငါအစ မဖော်လိုက်သင့်ဘူး ငါ့ရဲ့နေး။

အရင်တစ်ခါကလည်း ငါ့ပေါ့ဆမှုကြောင့် ခင်ဗျားထိခိုက်ခဲ့ရတာ။

အသုံးမကျတဲ့ ငါ့ကိုခွှင့်မလွှတ်ပါနဲ့လား ငါ့ရဲ့နေး။

ရိုးအလွန်းတဲ့ခင်ဗျားကလူတွေကိုအယုံလွယ်တယ်
အရောင်တွေစွန်းနေတဲ့ ငါ့မေတ္တာတွေကိုတော့ ခင်ဗျားကမသိချင်ယောင်ဆောင်တယ်။

တစ်ဖက်သတ်တဲ့ ။
စကားလေးကသုံးလုံးထဲပေမယ့် နာကျင်ရတဲ့လူကတော့ အလူးအလဲပါဘဲခင်ဗျားရယ်။
တစ်ဖက်တည်းကိုသာသတ်တဲ့ တစ်ဖက်သတ်အချစ်တဲ့ ။

နာကျင်ရလည်း ရှေ့ဆက်တိုးမိတာပါဘဲ ခင်ဗျားရယ်။
ခင်ဗျားတားထားတဲ့ သူငယ်ချင်းဆိုတဲ့ အဖြူရောင်စည်းလေးကို ဖျက်ဖို့ရာလည်း မဝံ့ပါဘူး။
ခင်ဗျားပေးတဲ့နာကျင်မှုတွေကို ငါကသာ ထမ်းပိုးထားရပါစေလား  နေး။

" ရောက်ပြီ ဖေဖေ သားကားပေါ် ပစ္စည်းလိုက်တင်ပေးမယ် "

"အေးအေး ဖေ့သား လိမ်လိမ်မာမာနေ ၊ သားရဲ့ဖိုးလုံးလေးကိုလည်းအမြန်ဆုံးရှာတွေ့ပါစေကွယ် ။ သားမှတ်ဉာဏ်တွေအမြန်ဆုံးပြန်ရပါစေ။သားပြန်အလာကို စောင့်နေတဲ့ သားမိသားစုဝင်တွေလည်းရှိမှာဘဲ။ "

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Donde viven las historias. Descúbrelo ahora