[၉]
ဂျီမင်းရဲ့အတွေးတွေကို ဂျောင်ကုက အရင်ထဲက ရိပ်မိပြီးသားပါ။ ပြောဖူးပါတယ် ဂျောင်ကုကလည်း ဖြူစင်မနေဘူးဆိုပြီးလေ။ သူ့ကိုယ်သူယုံကြည်မှုရှိလွန်းလို့သာ ဂျီမင်းသဘောကျနေပေးခဲ့တာပါ။ သူမရှိရင် ဂျီမင်းတစ်ယောက်တည်း မနေတတ်တော့တဲ့အထိဖြစ်အောင် အကြံလေးနဲ့ အလိုလိုက်ထားတာပါ။ (ထင်ထားတာထက် ဂျောင်ဂျောင်ဇွတ်ကလည်း ဇ,မသေးပါဘူး)
[၁၀]
Skinship ကတော့ ယောက်ျားလေးတွေပဲမို့ သူတို့အတွက် အထူးအဆန်းမဟုတ်ခဲ့ပါဘူး။ နှစ်ယောက်သားက ရှက်တတ်ပေမယ့်လည်း အင်......။ (မီလည်း မတတ်နိုင်ပါဘူး)
[၁၁]
ချစ်သူသက်တမ်းတစ်လပြည့်မှ ဂျီမင်းတစ်ယောက် ဂျောင်ကုကို ချစ်နေမိပြီဆိုတာ သတိပြုမိတာပါ။ အဲ့ဒီအရင်ထိတော့ သူ မချစ်မိသေးပါဘူး။
[၁၂]
ဂျောင်ကုက ဂျီမင်းရဲ့ အားကိုးခံရတာကို အရမ်းသဘောကျပါတယ်။ ဂျီမင်းကလည်း ဂျောင်ကုကို လက်မလွတ်နိုင်တာမို့ ဒီတစ်ခုကို ဂျောင်ကုသဘောကြိုက်နေ,ပေးခဲ့ပါတယ်။
[၁၃]
ချစ်သူသက်တမ်းတစ်နှစ်ကျော်မှာ ဂျီမင်းကျောင်းပြီးလို့ လုပ်ငန်းခွင်စ,ဝင်ပါတယ်။ ဂျောင်ကုသာတားရင် သူ ဆက်လုပ်ဖို့စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် သူဟာ ဂျီမင်းပေမို့ ဂျောင်ကုမတားရဲခဲ့ပါဘူး။ သူတို့နှစ်ယောက် ဘဝတစ်ခုကိုထူထောင်ဖို့အတွက် သူအရင်ကြိုးစားထားချင်တယ်ဆိုပြီး လေသံအေးအေးနဲ့ ချော့ပြောခဲ့လို့ပါ။ ပတ်ခ်ဂျီမင်းက ချည်ပြီးတုပ်ပြီးသားပါ။
[၁၄]
အဲ့ဒီနှစ်တွေမှာ ဂျောင်ကုပါ သူ့အဆောင်ကထွက်ပြီး ဂျီမင်းနဲ့အတူ အိမ်ငှားနေခဲ့တာ။
[၁၅]
ဂျီမင်းက သူ့အလုပ်မှာ ရာထူးတိုးတိုးလာသည့်တိုင် ဂျောင်ကုကို မပြောပြခဲ့ပါဘူး။ ဘာလို့ဆို ဂျောင်ကုကို သိမ်ငယ်စိတ် နည်းနည်းလေးတောင် မဝင်စေချင်လို့ပါ။ ဂျောင်ကုမသိအောင်လည်း သူတို့ငှားနေတဲ့အိမ်ကို ဂျောင်ကုနာမည်နဲ့ ဝယ်ထားခဲ့ပါတယ်။ အရင်က ဂျောင်ကုအပေါ် အသုံးချမိတဲ့အတွက် စိတ်မကောင်းဖြစ်မိလို့ပါတဲ့။
[၁၆]
ဂျောင်ကုကျောင်းပြီးတဲ့အချိန်မှာပဲ ဂျီမင်း,သူအလုပ်လုပ်နေတဲ့ကုမ္ပဏီကနေ အလုပ်ထွက်ခဲ့ပါတယ်။ ဂျောင်ကုသဘောကျ ဂျောင်ကုကို မှီခိုဖို့ပါ။ သူဟာ ယောက်ျားတစ်ယောက်ပဲဆိုတဲ့ မာနရှိပေမယ့် အရှေ့ကအိမ်တွင်းရေးသာဓကတွေကြောင့် ဂျောင်ကုကို သူဆုံးရှုံးရမှာမျိုးကို ပိုကြောက်ပါတယ်။
[၁၇]
အိမ်မှာနေရင်း ဂျီမင်းရဲ့ဝါသနာကတော့ စာရေးတာနဲ့ စာဖတ်တာပါ။
[၁၈]
ဂျီမင်းက အရာရာကိုတွက်ချက်တတ်တဲ့သူဖြစ်တာကြောင့် ဂျောင်ကုကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သူအသိဆုံးပါ။ အဲ့ဒါကြောင့် ဂျီမင်းဆီက ဂျောင်ကုရုန်းထွက်ချိန်မရအောင်လို့ လျှော့လိုက်၊ တင်းလိုက်နဲ့ ခဏခဏကျီစယ်တတ်ပါတယ်။
[၁၉]
စာချုပ်နဲ့အတည်တကျလက်ထပ်ဖို့အတွက် ဂျီမင်း ဂျောင်ကုဆီက အချိန်ငါးနှစ်တောင်းခဲ့ပါတယ်။ ဂျောင်ကုကတော့ ရရင်ရသလို မြန်မြန်လက်ထပ်ရဖို့ ဉာဏ်ဆင်တတ်ပေမယ့် ခုထိ မအောင်မြင်သေးပါဘူး။
[၂၀]
နောက်ဆုံးအနေနဲ့ ပြောပြချင်တာကတော့ ဂျောင်ကုပြောတဲ့ ပတ်ခ်ဂျီမင်းရဲ့ အမာခံပရိတ်သတ်ကြီးက ဂျောင်ကုထက်မသာရင်တောင် ဂျောင်ကုထက်မလျော့တဲ့အချစ်နဲ့ ဂျီမင်းကို တကယ်ချစ်ခဲ့တာပါ။ 'ရယူရမှ အချစ်မဟုတ်ပါဘူး' ဆိုတဲ့ ပတ်ခ်ဂျီမင်းပြောခဲ့တဲ့စကားက သူ့အတွက် ကိုယ်ရည်ရွယ်ခဲ့တာ။ ဇာတ်လမ်းရှည်လေးသာဖြစ်ခဲ့ရင် သူကလည်း အရေးပါတဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်ခဲ့မှာပါ။ (sob sob)
^_________^
ဒ
ါက ဒီစာအုပ်လေးကို ကိုယ်မရေးခင် အကြမ်းချထားခဲ့တဲ့ထဲက ဇာတ်လမ်းထဲပါမသွားတာလေးပါ။ ကိုယ်ပုံဖော်ထားတဲ့ ဇာတ်ကောင်လေးတွေကို စာဖတ်သူတွေမြင်အောင် ဖော်မပြနိုင်ခဲ့လို့ ဝမ်းနည်းရပါတယ်။ အဲ့ဒါကြောင့် သိစေချင်တာလေးတွေကို ခုလိုတင်ပေးရတာပါ။ ဒီလောက်ဇာတ်လမ်းပိစိလေးကို ဋီကာချဲ့လိုက်တာလို့တော့ မထင်စေချင်ပါဘူးနော် 🥺
ကိုယ့်အတွက် ဘယ်လောက်တန်ဖိုးထားရသလဲ ကိုယ်အသိဆုံးမို့ပါ။
Fund ကြေးအဖြစ်ရောင်းရလို့ စိတ်မကောင်းဖြစ်နေပေမယ့် ပတ်ခ်ဂျီမင်းအတွက်ကြောင့်မို့သာ ကိုယ် ခံသာနေတာပါ ဟီး
တစ်ခါတည်း
Fund ကြေး deadline ကို April 4 အဖြစ်ထားကြောင်း အသိပေးပါတယ်နော်။
လှူပြီးလို့ Certificateရရင်လည်း Only you ခေါင်းစဉ်အောက်မှာပဲ ထည့်မည့်အကြောင်းလည်း သိစေချင်ပါတယ်။
ဘိုင်ဘိုင့် 🧡
![♡ ONLY YOU ♡ [Completed]](https://img.wattpad.com/cover/305881582-64-k119404.jpg)