Part 27

171 17 16
                                    

" အင်းးးးးး..... "

Tay တစ်ယောက် ကုတင်ပေါ်လူးလိမ့်ရင်း နိုးလာတယ်........

" နိုးပြီလား ငမူးလေး..... "

အခန်းတံခါးဖွင့်ကာဝင်လာပြီးမေးတဲ့ Newကြောင့် Tay နှုတ်ခမ်းစူလိုက်တယ်....

သူ့ကိုများအမူးသမားလေးတဲ့ ဟွန့် ဘယ်တုန်းကမူးဖူးလို့အဲ့လိုပြောရတာလဲ မသိဘူး......

" အကိုနော် ကလေးလိုနှုတ်ခမ်းစူမနေနဲ့ ညကမူးပြီးရစ်နေတာ အကိုမဟုတ်တဲ့အတိုင်းပဲ....... "

" ဟမ်..... ကိုယ်က မူးပြီးရစ်တယ်... ဘယ်သူ့ကိုလဲ ကိုယ် ဘယ်တုန်းကမူးသွားတာလဲ "

" အော...ဟော... အမူးမပြေသေးဘူးထင်တယ် ပလီပလာတွေပြောနေပြန်ပြီ "

" မနက်တောင်ရောက်နေပြီပဲ အမူးမပြေဘဲရှိပါ့မလား "

" ဒါဆို ဘာလို့ မမူးဘူးလို့ ပြောနေသေးလဲ "

Tayလဲ Newလက်ကိုလှမ်းဆွဲပြီး သူ့ဘေးမှာထိုင်စေကာ.....

" New ညကကိုယ် အရမ်းသောက်မိသွားတယ်ထင်တယ် ရစ်သေးလား...... "

Newလဲ Tayအမေးကြောင့် မျက်မှောင်ကြုတ်လိုက်တယ်.....

" မရစ်ပါဘူး ကျနော်က စနေတာ.... "

" မယုံပါဘူး ကိုယ်ကကိုယ့်အကြောင်းကိုယ်သိတယ် ဘယ်လိုရစ်မိသွားလဲပြောပြ...... "

" နောက်မှပေါ့ ဒီနေ့နယ်ဘက်ကိုခရီးသွားရမှာမဟုတ်လား ရေသွားချိုးတော့လေ ကျနော် အဝတ်အစား ထုတ်ပေးထားမယ်...... "

" အင်း.... Newလဲ လိုက်မှာမလား ကိုယ့်တွက် ပေါ့ပေါ့ပါးပါး အပြင်အဝတ်လေးပဲ ထုတ်ပေးနော် "

" ဟုတ်ပါပြီ မသိရင် သူ့အိမ်ကျနေတာပဲ ကျနော့်အဝတ်ပေးငှားမဲ့ဟာကို "

Tay ရေချိုးပြီးထွက်လာတော့ Tayအပေါ်ပိုင်းဗလာကိုမြင်လိုက်ရတဲ့ Newက ဟိုနေ့ကအကြောင်းကိုတွေးမိကာ လက်ထဲက အဝတ်တွေပစ်ချပြီး......

" ကျနော် မေမေ့ကိုဆေးတိုက်ရအုံးမှာမို့ P Tay အဝတ်လဲပြီးထွက်ခဲ့လိုက်နော် "

" အာ..... အင်း  ...အဝတ်က ဘယ်ဟာ...... "

Tayပြောလို့မှမဆုံးသေး Newကအခန်းထဲက လုံးနေအောင်ပြေးထွက်သွားပြီ.....

Smile And Lose Where stories live. Discover now