74

5.7K 927 15
                                    

ခက်ခဲတဲ့ အစ
.................

လင်းကျန်က ယွီဝမ်ထုန်၏အင်အားကို အခွင့်ကောင်းယူနိုင်သော်လည်း ကိုယ့်ကိုယ်တိုင် အားမလျှော့ပေ။ ညစာစားပြီးနောက် သူကစာကြည့်ခန်းသို့ပြန်သွားကာ အစောင့်ဆယ်နှစ်ယောက်ကို ဆယ့်နှစ်ယောက်ထောက်ချောက်ဆင်သတ်ဖြတ်ခြင်း အစီအရင်ထဲ၌ မည်သို့အသင့်တော်ဆုံးစီစဉ်သင့်ကြောင်း စဉ်းစားနေသည်။ သူယခင်စဉ်းစားထားသည့် ပုံစံအနည်းငယ်ကိုကြည့်ပြီးနောကထပ်၍အစီအစဉ်ဆွဲရန်ကြိုးစားသည်။

ဆယ့်နှစ်ယောက်ထောင်ချောက်ဆင်သတ်ဖြတ်ခြင်းတွင် အပြောင်းအလဲဆယ့်နှစ်ခုရှိပြီး တစ်ခုချင်းစီက အသစ်တစ်ခုဖြစ်ရာ ဤအစီအရင်များက လုံးဝခြားနားပုံပေါ်သည်။ သို့သော် တကယ်တမ်းတွင် ယင်းတို့က တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး ပြောင်းလွယ်ပြင်လွယ်သည်။ ယခုအခါ ဤအစီအရင်ကို လုံးဝသဘောပေါက်၍ အသုံးချနိုင်ရန် လင်းကျန်အတွက်ပင် ခက်ခဲနေရာ ထိုအစောင့်များမှာ ထပ်တူနားမလည်နိုင်ချေ။ သူတို့က တစ်ခုချင်းစီသာ လေ့ကျင့်နိုင်လိမ့်မည်။

အခြေခံအစီအရင်အများစုအပြင် ပြဿနာမှာ အစောင့်များအား မည်သည့်အစီအရင်ဖြင့် စသင်ရမည်ကိုပင်။

လင်းကျန်အတွေးထဲနစ်သွားသည်နှင့် အချိန်ကုန်သည်ကို မေ့သွားသည်။

"စစ်သူကြီး၊ သခင်လေးလင်းရဲ့အခန်းမှာ မီးလင်းနေတုန်းပါပဲ။"

ခြံနှစ်ခြံကြားရှိနံရံပေါ်၌ ဆောင့်ကြောင့်ထိုင်နေသော အစောင့်တစ်ယောက်က ဝါးစိမ်းစံအိမ်ဘက်သို့ အော်လိုက်သည်။

ယွီဝမ်ထုန်သည်လည်း အိပ်မပျော်သေးပေ။ သူ၏စားပွဲပေါ်တွင် ထန်းယန်မြေပုံ၊ ဤရက်ပိုင်းအတွင်း ယောင်ရိစုထားသော ထန်းယန်စီရင်စုတစ်ခုချင်းစီ၏ မြေမျက်နှာသွင်ပြင်ပြမြေပုံများ ရှိနေသည်။ ယင်းတို့ထဲမှတစ်ခုမှာ ထန်းယန်မြို့အနောက်တောင်ဘက်တွင်ရှိသော ချီစီရင်စု၏မြေမျက်နှာသွင်ပြင်ပြမြေပုံပင်။ ဤမြေပုံကို ယွီဝမ်ထုန်က အနီရောင်စက်ဝိုင်းဖြင့် အထူးမှတ်သားထားသည်။

အစောင့်၏စကားကိုကြားသောအခါ ယွီဝမ်ထုန်က မြေပုံကိုဘေးပို့ကာ ရေနာရီအားကြည့်လိုက်သည်။ သန်းခေါင်ယံအချိန်ရောက်နေပြီဖြစ်သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now