အခန်း(၁၀၅)

8.5K 1.5K 117
                                    

伪装学渣
Wei Zhuang Xue Zha


UNICODE


မအိပ်ရဲဘူး


"မင်း အင်္ကျီမဝတ်တတ်ဘူးလား?"

"အာ?"

ရှဲ့ယွီက သူ့ကိုယ်ထက်ကရှပ်အင်္ကျီကိုညွှန်ပြလာသည်။

ဟယ့်ကျောင်းက ရေချိုးခန်းတံခါးကိုပိတ်ကာ  ခေါင်းကိုသာသုတ်နေလိုက်ပါသည်။ အ​စောကဆို အပေါ်ပိုင်းဗလာကျင်းနဲ့တောင် ထွက်လာဖို့စိတ်ကူးမိခဲ့သေး၏။

"ဘာကိုရှက်နေတာလဲ ၊ မဝတ်ထားတာကိုတောင် မင်းမြင်ဖူးပြီးသားဟာကို။"

ရှဲ့ယွီသည် ထိုင်နေသည့်ပုံစံကိုပြောင်းလိုက်၏ ၊ ထိုင်ခုံထက်နောက်ပြန်လှည့်ခွထိုင်ကာ ထိုင်ခုံနောက်မှီပေါ်လက်တင်လျက် ခြေတံရှည်နှစ်ဖက်ကိုတော့ အနည်းငယ်ကွေးထားရင်း ထိုအနေအထားတိုင်းမှ ဟယ့်ကျောင်းထံလက်ညှိုးတစ်ချောင်းကွေးကာလှမ်းခေါ်လိုက်သည်။

ဟယ့်ကျောင်းက ခေါင်းကိုဖြစ်သလိုနှစ်ချက်မျှဆွဲသုတ်ပြီးနောက် တဘက်အားလှည်တိုင်ထက်ချိတ်လိုက်၏။

သူအနားသို့ရောက်သွားချိန်မှာတော့ ရှဲ့ယွီကလက်ဆန့်လို့ သူ့အင်္ကျီကြယ်သီးတို့အား အောက်မှအပေါ်အထိတစ်လုံးချင်းတပ်ပေးလို့လာသည်။

ရှဲ့ယွီလက်ချောင်းတို့က အင်္ကျီစပေါ်မှဖြည်းဖြည်းချင်းလှုပ်ရှားနေပြီး ရံဖန်ရံခါဝမ်းဗိုက်ကိုထိတွေ့မိလျက် အသာအယာပွတ်သပ်သလိုဖြစ်သွားတတ်သည်။

ဟယ့်ကျောင်းအနေနှင့် အစကတော့ထိုလှုပ်ရှားမှုတို့ကို မည်သို့မှမခံစားမိပေမယ့် အကွာအဝေးကနီးကပ်လွန်းနေရာ အနည်းငယ်တပ်ပြီးနောက်တွင်တော့ လက်ချောင်းတို့က ခါးနှင့်ဝမ်းဗိုက်ပိုင်းတစ်လျှောက်မှတည် ရင်ဘတ်ထက်သို့ရောက်လာချိန်အခါမှာတော့ အနည်းငယ်မနေတတ်တော့။

ရှဲ့ယွီသည် ကြယ်သီးတန်းတစ်လျှောက်အလိုက်ခေါင်းကလိုက်ပါမော့လာပြီး အပေါ်ပိုင်းကအလုံးအနည်းငယ်ကိုတပ်ပေးဖို့လုပ်ချိန်မှာတော့ ဟယ့်ကျောင်းမျက်ဝန်းတို့နှင့် ဆုံစည်းမိ၏။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now