အပိုင်း✨🍁(၂၁)

Start from the beginning
                                    

“တော်ပေါ့ အဲ့ဒီလောက်သထာရင်...ဟားးးးဒါနဲ့ ငါ့ရဲ့မရီးတော်လေးကို မြင်ဖူးချင်လို့ မိတ်ဆက်ပေးပါ့လား...ဟမ်...ဗိဿနိုးသူတွေချောတာ အတည်ပြုချင်လို့ပါ...ဟန်လင်းပျိုမယ်တွေကိုမှီသလားလို့...”

“မင်း ပညာသင်သွားတုန်းကမမြင်ဖူးတာလား...”

“ဦးခိုက်ကလည်း..အဲ့တုန်းက ၁၈ရပ်သောပညာတွေကိုပဲတတ်မြောက်အောင်လုံးပန်းနေရတာ ဘယ်‌သေချာကြည့်ဖြစ်မှာလဲကွ ...သာမန်ကာလျှံကာပဲပေါ့....ဘာလဲ မင်းက တွန့်တိုတာလား...ကိုယ့်မိတ်ဆွေအရင်းခေါက်ခေါက်ကြီးကိုတောင် မိတ်ဆက်မပေးချင်တာလား...”

“ခတ္တရာက ငါ့နှမတော်လေးလိုပဲစောင့်ရှောက်ထားတာ...မင်းထင်ရာတွေပြောမနေနဲ့...”

“ဘာ...မင်း...တကယ်ပဲလား...”

ဇမ္ဗူဒီရာဇ် တအံ့တဩမေးလိုက်မိသည်။ဒဝီဦးခိုက် အနေတည်တာ အပျော်အပါးမလိုက်စားတာ သူသေချာ‌သိသော်လည်း ကိုယ်နှင့်လက်ဆက်ထားသည့် မိန်းမပျိုလေးအား နှမတော်လေးလိုသဘောထားနိုင်သည်ဆိုတော့ အလွန်အံ့ဩမိသည်။

“အင်း...နှမတော်လေးလိုပဲ ကာကွယ်စောင့်ရှောက်ထားတယ်...”

“မင်း...အာသဝေါတရားတွေကုန်ခမ်းနေတာလား... ကိလေသာတွေရောစိုးစိမျှတောင်မရှိတာလား...တောထွက်ပြီး ဒုလ္လဘရဟန်းခံပြီး တရားကျင့်ကြံတော့မလို့လား ...အဲ့ဒါဆိုရင်တော့ ငါ သစ်ခေါက်ရည်ပုဆိုးလေးလှူတန်းပြီး ခုနှစ်ရက်ခုနှစ်လီ မြို့ဝင်ပေါက်လေးပေါက်မှာ မဏ္ဍပ်ထိုးပြီး အလှူအတန်းပြုပြီး ပါရမီဖြည့်ပါ့မယ်...”
ဇမ္ဗူဒီရာဇ် ခပ်ရွဲ့ရွဲ့လေးပြောလိုက်သည်။ဒဝီဦးခိုက်‌ကသေချာပေါက်ကို တဏှာကိလေသာကုန်ခမ်းနေသည့်သူတော်စင်နှင့်တူသည်။

“ထင်ရာတွေလျှောက်ပြောမနေနဲ့...”

“မဟုတ်ဘူးလား...မင်းပုံစံကအာ့လိုဖြစ်နေပြီလေ...ဘာလဲ ချစ်မြတ်နိုးရတဲ့သူရှိတယ်လို့ပြောမလို့လား...ယုံအောင်ပြောပါ ဦးခိုက်ရာ...”

“အင်း....”

“ဟမ်....”

“အင်း ချစ်မြတ်နိုးရတဲ့သူရှိနေပြီ..”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now