Newမယ် သူတွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ရှက်ပြီး အိမ်တံခါးရှေ့မှာ ရှေ့လျှောက်နောက်လျှောက်နဲ့ မျက်လုံးကိုလက်2ဖက်နဲ့အုပ်ကာလျှောက်နေတုန်း အိမ်ရှေ့မှာ ရပ်လိုက်တဲ့ကားသံကြောင့် ကားဆီကြည့်လိုက်တော့ကားပေါ်ကဆင်းပြီးသူဆီပြေးလာတဲ့ Gun......
" Gunဘယ်လိုလုပ်ပြီး..... P Off... အကို... Singလဲပါတာပဲ...... "
Gunကားပေါ်ကပြေးဆင်းလာပြီးတာနဲ့နောက်ကထပ်ဆင်းလာတဲ့လူတွေကြောင့် Newတောင်ကြောင်သွားတယ်.....
" New အဆင်ပြေရဲ့လား ငါစိတ်ပူလိုက်ရတာ "
" ဘာကိုလဲ.... အော် ညကကိစ္စလား..... "
" အင်းလေ..... ညကဘာတွေဖြစ်ကြတာလဲ.... ဘာလို့ငါတို့ကိုဖုန်းမဆက်တာလဲ "
" အရေးကြီးကိစ္စမဟုတ်လို့ပါ စိတ်မပူလဲရတာကိုဘာလို့ အကုန်ရောက်လာကြတာလဲ..... "
" စိတ်ပူလို့ပေါ့ Singဆီကသတင်းရရခြင်း ငါလဲအကိုကြီးနဲ့ချက်ချင်းထွက်လာခဲ့တာ အန်တီကော အဆင်ပြေရဲ့လား လန့်သွားမယ်ထင်တယ် "
" အင်း နဲနဲပါ အိမ်ထဲဝင်ကြအုံးလေ...... "
Newပြောတော့ အားလုံးအတူတူ အိမ်လေးထဲဝင်သွားလိုက်ကြတယ်.......
Gunက Newမေမေကို တွေ့တော့ပြေးဖက်ပြီး.....
" အန်တီ အဆင်ပြေရဲ့လား လန့်သွားမှာပဲ ညကကျတော်မသိလိုက်တာ ခွင့်လွှတ်ပါနော် "
" မဟုတ်တာ သားGunလေးရယ် ..... "
Singတစ်ယောက် Newမေမေကိုဖက်ထားတဲ့Gunကိုဆွဲဖယ်လိုက်ပြီး Newမေမေလက်2ဖက်ကိုဆုပ်ကိုင်ကာ.....
" နောက် အဲ့လိုမဖြစ်အောင် ကျနော်ကအစွမ်းကုန်ကူညီပေးပါမယ် အန်တီ........ "
" ရပါတယ် သား Singရဲ့ သားမမနဲ့Ceoလေး မေမေတို့ကို ကူညီထားတာနဲ့တင် အားနာနေပါပြီ "
Gunတစ်ယောက် အန်တီပြောတဲ့Ceoလေးဆိုတာကြောင့် Offနားလေးကိုပြေးကပ်လိုက်ပြီး....
" အကိုကြီး Ceoလေးဆိုတာ P Tay Tawanတော့ မဟုတ်ဖူးမလား..... "
Offကလဲ သူနားလေးကပ်ပြီးတိုးတိုးလေးပြောနေတဲ့ Gunနဲ့အနီးဆုံးပြန်ကပ်ကာ.....

YOU ARE READING
Smile And Lose
Fanfictionမင်း အပြုံးက ကိုယ့်အတွက် သကြားလုံးလေးတစ်လုံးလိုပဲ အရမ်းချိုမြတယ်.....🍬 ခများ ကျနော့်ပေါ်ထားတဲ့ အချစ်တွေက ကျနော့်ကို ရှူံးစေတယ်.......