ကျီရန်က ထွက်သွားဖို့လုပ်တော့ ယွီကျိုးက မနေနိုင်ဘဲ ပြောတယ်၊ “မင်း ငါ့အစ်မနားက ဝေးဝေးနေလို့ရမလား? သူမက မင်းအရင်က ကစားဖူးတဲ့ မိန်းကလေးတွေနဲ့ မတူဘူး”

ကျီရန်က ဟာသတစ်ခုကို ကြားလိုက်ရသလို အကျယ်ကြီးရယ်ချလိုက်တယ်။.

သူက ခေါင်းစောင်းပြီး ယွီကျိုးကို ကြည့်တယ်။

သူ့ရဲ့ မျက်လုံးထောင့်ကျဉ်းကျဉ်းတွေက ညွှတ်ကျလာပြီး အေးစက်လွန်းလှတယ်။ သူ့ရဲ့အနက်ရောင်မျက်ဆံတွေက ဆောင်းညရဲ့ကောင်းကင်ပြင်နှင့် တူပြီး အလင်းကတောင် အေးစက်မှုကြောင့် မတည်ငြိမ်နိုင်ဘူး။

ယွီကျိုးက သူနှလုံးသားထဲမှာ တုန်လှုပ်သွားတယ်။

ဒီအချိန်မှာ ရာဇဝင်တွင် ကြောက်စရာကောင်းပြီး အန္တရာယ်ရှိတဲ့ ဟိုင်ချန်ကျောင်းလူဆိုးဗိုလ်ရဲ့ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်းကြီး သဘောပေါက်သွားတယ်။

ကျီရန်က သူ့နူတ်ခမ်းစွန်းကို ခါတိုင်းလို ပင့်ပြီး ဂရုမစိုက်သည့်ဟန်ဖြင့်ပြုံးလိုက်ပေမဲ့ သူ့အသံက အေးစိမ့်စိမ့်နိုင်တယ်၊ “ မတူဘူးလေ၊ ကစားကြည့်မှ သိမှာပေါ့”

ယွီကျိုးက ဒေါသခြောင်းခြောင်းထလာတယ်။

သူက ကျီရန့်ကို ချတော့မယ့်ပုံပဲ။

ကျီရန်က တိုးတိုးလေးပြောလိုက်တယ်၊ “ဘာလဲ? မင်းအစ်မရှေ့မှာ ရိုက်ခံချင်လို့လား?”

ယွီကျိုးက မနေ့နေ့လည်က အစာအိမ်နာကျင်မှုလွှမ်းမိုးနေတဲ့ အကြောက်တရားကို ရုတ်ချင်းဆိုသလို သတိရသွားတယ်။

ဖာ့ခ်၊ သူက ကျီရန့်ကို မရိုက်နိုင်ဘူးဟ။

တစ်ယောက်ယောက်က ခါးညွှတ်ပြီး လက်မြှောက်ရမှာက အမှန်တရားပဲလေ။

သူက အံကြိတ်ကာ ကျီရန့်ကို တစ်ချက်ကြည့်ပြီး ချီရင်ရဲ့လက်ကောက်ဝတ်ကို ကိုင်ကာ ထွက်သွားခဲ့တယ်။ သူအဆွဲခံရတဲ့ ချီရင်က သူ့ခြေလှမ်းနောက်ကို အမြန်လိုက်ပြီးနောက် နောက်ပြန်လှည့်ကြည့်ကာ လက်ပြနူတ်ဆက်တယ်။

ယွီကျိုးက သူမကို စိတ်တိုသွားတယ်။

သူတို့ကျောင်းပေါက်ရောက်ချိန်မှာ ယွီချိန့်ဆီက နောက်ဆယ်မိနစ်နေရင် ရောက်မယ့်အကြောင်းပြောတဲ့ ဖုန်းလာခဲ့တယ်။ ယွီကျိုးက သစ်ပင်အောက်မှာ မတ်တပ်ရပ်ပြီး ဖုန်းမှန်ကွဲသွားလောက်တဲ့ အားနှင့် ချီရင့်ဆီကို စာရိုက်ပို့တယ်။

​Boss​၏ နတ်သမီးလေးအဖြစ် ကူးပြောင်းလာခြင်း(Myanmar Translation)Where stories live. Discover now