Newတစ်ယောက် အချိန်ခနလေးနဲ့ အိပ်ပျော်သွားတဲ့ Tayကိုကြည့်ကာ ဆံပင်လေးတွေဖွပေးရင်း ပြုံးမိတယ်....
အကို့ဘဝလေးက အပူအပင်သိပ်ကင်းတာပဲနော် ခေါင်းအုံးပေါ် ခေါင်းချမိရုံနဲ့ အိပ်ပျော်အောင်အိပ်နိုင်တယ်.......
ဒီစကားကို Newက Tayအကြောင်းကိုသေချာသာသိခဲ့ရင်ပြောခဲ့မှာမဟုတ်ဖူး....
' ချစ်ရသူကို သတိရလွမ်းဆွတ်တိုင်း ငိုခဲ့ရတဲ့ရက်တွေ.... '
' ချစ်ရသူ အသက်ဆုံးရှူံးရခြင်းအကြောင်းက ကိုယ့်ကြောင့်လို့ တွေးမိလို့ ကြေကွဲဝမ်းနည်းပြီး အိပ်မပျော်တဲ့ရက်တွေ ' ရှိခဲ့တာကိုပေါ့ .......Tay ဆံပင်လေးတွေဖွပေးနေတုန်း ဝင်လာတဲ့ ဖုန်းကြောင့် Newလဲ ကုတင်ပေါ်က ထသွားကာ ဖုန်းကိုင်လိုက်တယ်.....
" Hello မေမေ...... "
" ငါ မင်းအမေ မဟုတ်ဖူး...... "
ဖုန်းထဲက အသံကြားလိုက်တာနဲ့ Newလဲ ဖုန်းချကာ အိပ်ပျော်နေတဲ့ Tayပေါ် စောင်လေး ရင်ဘတ်အထိ ခြုံပေးလိုက်ပြီး အိမ်ပြန်ဖို့အတွက် အခန်းထဲက ထွက်လာခဲ့လိုက်တယ်.......
အိမ်ထဲရောက်လို့ မြင်လိုက်ရတဲ့မြင်ကွင်းက သူ့ရင်ခွင်ကို အားပြင်ပြင်းနဲ့စောင့်ကန်ခံလိုက်ရသလိုပဲ.......
သူ့အဒေါ်ဆိုတဲ့မိန်းမကြီးက ဆိုဖာပေါ်ခြေချိတ်လို့ ထိုင်နေပြီးမေမေက ကြမ်းပြင်ပေါ်မှာကုပ်ကုပ်လေးထိုင်လို့.........
New သူ့မေမေနားအပြေးသွားပြီး ပွေ့ထူကာ......
" ခများ ဘာလာလုပ်ပြန်တာလဲ ကျုပ်အမေနားက ထွက်သွားစမ်း "
" ဟား.... ဟား..... အားကိုးရှိတော့ အာခံနိုင်ပြီပေါ့ နင်တော်တော် အတင့်ရဲလားပါလား..... ဟမ် Newwiee..... "
" ခများရဲ့ အောက်တန်းကျတဲ့ ပါးစပ်က မလိုအပ်တဲ့စကားတွေပြောမနေဘဲခုချက်ချင်းကျုပ်အိမ်ထဲကထွက်သွားလိုက် "
" ဟားးး Newwiee..... Newwiee မင်းကိုမင်း လည်လှပြီထင်ပြီး ငါ့လူတွေကို လူပြန်ငှားပြီး ရိုက်ခိုင်းတယ်.... ဟက်... မင်းငှားတဲ့ လူတွေလောက်တော့ ငါက 10ဆမက ငှားနိုင်တယ် သဘောပေါက် "

YOU ARE READING
Smile And Lose
Fanfictionမင်း အပြုံးက ကိုယ့်အတွက် သကြားလုံးလေးတစ်လုံးလိုပဲ အရမ်းချိုမြတယ်.....🍬 ခများ ကျနော့်ပေါ်ထားတဲ့ အချစ်တွေက ကျနော့်ကို ရှူံးစေတယ်.......