" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 7 )

113 10 2
                                    

"ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား "

          အခန်း ( ၇ )

       ဝန်းရံခတစ်ယောက် ကောင်းညို့မာန်အတွက် စိတ်ပူကာ ရှိနိုင်မယ်ထင်သည့် နေရာလေးသို့ ကားလေးငှားကာ ထွက်ခဲ့သည်။ ကောင်းသည် တစ်ခါတစ်ခါမှာ ဂျစ့်တစ်တစ်နိုင်ပေမဲ့ တကယ်တမ်းကျတော့ ကလေးဆိုးကြီး တစ်ယောက်နှင့်လည်း တူလှပြန်သည်။ ကောင်းကို ငယ်ငယ်လေးကတည်းက သူချစ်ခဲ့သည် ဒါတွေကိုလည်း ကောင်းသိနိုင်သည်။ အဲ့တာတွေကြောင့်လည်း ကောင်းက ဝန်းရံခအပေါ်တော့ သူများတွေနဲ့မတူဘဲ ဆိုးချင်တိုင်း ဆိုးသလို အရမ်းလည်း ကူညီပြီး အရမ်းလည်း ရစ်တာပါ။ ကောင်းလည်း သူကိုချစ်မှာပါ သို့ပေမဲ့လည်း ခံစားချက်တွေကို မဖော်ပြကြတဲ့ သူတို့နှစ်ယောက်ဟာ ကိုယ်တိုင်လည်း သိနေကြသလို အနီးပတ်ဝန်းကျင်က လူတွေလည်း သိကြပါသည်။

     ကားသမားအားပြောပြီး မြစ်ကမ်းအစနားမှာ ထိုးရပ်ခိုင်းလိုက်သည်။ ဆယ်မိနစ်ခန့်လျှောက်ပြီး လိုက်ရှာကြည့်တော့ ထင်သည့်အတိုင်းပါပင်။ မြစ်ကမ်းနားမှာ သောက်စားထားပြီး မူးကာ ပြောချင်ရာတွေပြောနေသော သူဌေးသားပေါက်စလေး အမောင်လူဂျစ်ကိုတွေ့နေရသည်။

" ကျွန်တော့်အနားမှာ အစ်ကိုက အမြဲနေပေးမယ်လို့ ကျွန်တော် ထင်ခဲ့တာလေဗျာ အစ်ကိုက ဘာလို့အခုမှ ကျွန်တော့်အနားကနေ ရှောင်ပြေးချင်နေတာလဲဗျ "

     တစ်ယောက်တည်း မူးမူးနှင့် ပြောချင်ရာတွေပြောနေသော ကောင်းအနားသို့ ဝန်းရံခရောက်သွားလေတော့သည်။

" ခင်ဗျား ဘယ်သူလဲ ဘာလို့ ကျွန်တော့်အနားလာတာလဲ သွားသွား တစ်ယောက်တည်းအေးဆေးနေချင်လို့ ဒီကိုလာတာလေဗျာ "

" ကောင်း ကိုယ်လေကွာ ကြည့်ပါဦး "

" ဟင် ခင်ဗျားကြီး ဘာလာလုပ်တာလဲ မနေချင်တော့လို့ ပြေးနေပြီးပဲ မဟုတ်လား ဘာလို့ပြန်လာနေသေးလဲ "

" ကောင်း အိမ်ပြန်ရအောင်နော် "

" မပြန်ဘူး မပြန်ချင်လို့ကို ဒီမှာလာနေနေတာလေဗျာ မပြန်ဘူး လုံးဝမပြန်ဘူး "

" ကောင်း ကိုယ်ကောင်းကောင်းပြောနေတာလေကွာ "

" ဘာလဲ ခင်ဗျားကြီးက အရင်တုန်းကဆို ကျွန်တော်ဘယ်လိုပြောပြော အခုလိုပြန်မပြောပါဘူးဗျာ ဘာလဲအခုတော့ ခင်ဗျားက ကျွန်တော့်ကို ဒီလိုတွေပြောနေပြီးပေါ့ ဟုတ်လား "

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " Where stories live. Discover now