နာရီမှထွက်လာသော လက်တံတို့၏ လှုပ်ရှားသံတို့ကို တိတ်ဆိတ်နေသောအခန်းလေးထဲမှာ ဆူးလ်ဂီအတိုင်းသားကြားနေရသည်။အားလုံးသည် တိတ်ဆိတ်နေသည်ပြီး နာရီကိုကြည့်လိုက်တော့ ညတစ်နာရီပင်ရှိတော့မည်ဖြစ်သည်။
အိပ်ယာအပြောင်းအရွေ့မို့လို့ အိပ်မပျော်တာလားမပြောတတ်။ထိုင်ခုံပေါ်ကနေ ကုတင်ပေါ်မှာအိပ်မောကျနေသော အစ်မဂျူဟျွန်းကို လှမ်းကြည့်လိုက်မိတော့ တော်တော်လေးကိုအိပ်မောကျနေသည်ထင်။
ဆူးလ်ဂီ ယခုရောက်နေသောနေရာမှာ ထိုအမျိုးသမီး၏ အိမ်ဖြစ်သည်။သူက သူစိတ်ရှုပ်စရာတွေရှိရင် လာပြီး အပန်းဖြေတဲ့အိမ်ဆိုပြီး သူမကိုပြောသည်။
အိမ်လေးက နှစ်ထပ်တိုက်အိမ်လေးတစ်လုံးဖြစ်ပြီး သာမန်ဆန်ကာအိမ်ခြေစိပ်သည်။ဘေးဘက်တွင် အိမ်တွေအစား သစ်ပင်ပန်းပင်တို့က နေရာယူထားသည်။ယခုလို ပူအိုက်တဲ့ ရာသီမျိုးနဲ့တော့ နေလို့အတော်ကောင်းလောက်မည်။
သူမကိုခေါ်လာပြီး ဘာစကားမှသိပ်မပြောပဲ တန်းပြီးအိပ်သွားသောထိုအမျိုးသမီးကိုကြည့်ကာ သက်ပြင်းတစ်ခုကို ချလိုက်သည်။စိတ်ညစ်စရာတစ်ခုခုတော့ သေချာပေါက်ရှိပုံပေါ်သည်။
အစ်မဂျူဟျွန်းလိုလူတစ်ယောက်က အခုလိုမျိုးစိတ်ပျက်လက်ပျက်ပုံစံမျိုးဖြစ်နေတာဟာ သူမအတွက်တော့ ထူးဆန်းဖွယ်ရာတစ်ခုလိုပင်။
မီးရောင်မှိန်ဖျဖျရှိသော အခန်းလေးထဲကို လိုက်ကြည့်မိတော့ဘာမှတော့သိပ်မတွေ့ရ။အစ်မဂျူဟျွန်းသည် ရှင်းလင်းသည်ကိုပိုပြီး သဘောကျသည်လားမသိ။သူနေတဲ့အိမ်တွေမှာဆို ဘာပစ္စည်းမှသိပ်မရှိတတ်ပဲ ဗြောင်ဖြစ်နေတာ များသည်။
အခုအခန်းထဲတွင်လဲ သူအိပ်နေတဲ့ကုတင်တစ်လုံးရယ် ၊စာကြည့်စားပွဲနဲ့ ထိုင်ခုံနှစ်ခုံရယ် ၊ဗီရိုတစ်လုံးရယ်နဲ့ မှန်တင်ခုံတစ်ခုရှိသည်။ပြီးတော့ ရေချိုးခန်းလဲတွဲရက်ပါသေးသည်။
နံရံမှာတော့ ပန်ချီကားလိုလို ချိတ်ထားတဲ့စာရွက်တစ်ရွက်တော့တွေ့သည်။ဆံပင်တိုတိုနဲ့ကောင်မလေးတစ်ယောက်၏ပုံ။ဒါဟာလဲ အစ်မဂျူဟျွန်းရဲ့အစ်မတွေညီမတွေဖြစ်ဟန်တူပါတယ်။
ANDA SEDANG MEMBACA
အမှား
Fantasiစိတ်ထဲမှာ တစ်ခုခုကိုလွမ်းဆွတ်ချိန်တိုင်း မင်းကိုပဲ အမြဲသတိရတယ် ဆူးလ်.......။
