Part 21

173 26 27
                                    

" အင်း ကိုယ်တို့တွေ့ကြမယ်လေ.... ဘယ်မှာဆုံကြမလဲ "

" အကိုကြီး...... "

အခန်းတံခါးမခေါက်ပဲ ဒုန်းစိုင်းဝင်လာတဲ့ Gunကြောင့် Offလဲ ဖုန်းပြောနေရင်း endကိုနှိပ်မိသွားတယ်.....

" ဟင်...... ပေါက်စ ဘာဖြစ်လာတာလဲ "

Gunလဲ အကိုကြီးအကြောင်းကို မေမေတို့ပြောနေတာကြားတာကြောင့် အမှန်ဟုတ်မဟုတ်ဆိုတာ အတည်ပြုရအောင် ကုမ္မဏီလိုက်လာခဲ့တာ....

" တကယ်အမှန်ပဲလား "

" ပေါက်စ..... ဘာကို မေးချင်တာလဲ "

" အန်တီတို့စီစဥ်ပေးတာမို့ အိမ်ထောင်ဖက်နဲ့သွားတွေ့မယ်ဆိုတာ ..... "

" အင်းလေ.... ကိုယ်အခုပဲ သူမ နဲ့ဖုန်းပြောပြီး ချိန်းနေတာ ပေါက်စလာတာနဲ့ဘယ်ဆိုင်လဲဆိုတာမမေးလိုက်ရဘူး "

" ကျနော့်ကြောင့် အနှောင့်အယှက်ဖြစ်သွားတာပေါ့ အားနာလိုက်တာ ကျနော်သွားတော့မယ် "

Offလဲ ထွက်သွားတော့မဲ့Gunလက်ကိုလှမ်းဆွဲထားလိုက်ပြီး

" ပေါက်စ ဘာဖြစ်နေတာလဲ ကိုယ့်ကိုသေချာပြောပြလေ "

" ကျနော်ကလား..... ဟက် ဘာမှမဟုတ်ပါဘူး တစ်ချိန်ကကြားခဲ့ဖူးတဲ့စကားတွေကိုပြန်တွေးပြီးစိတ်နာသွားလို့ သွားခွင့်ပြုပါအုံး "

Gunလဲ အကိုကြီးလက်ကရုန်းထွက်ပြီး ရုံးခန်းပြင်ထွက်လာခဲ့တယ်....

' မင်းဘေးမှာ ကိုယ်ကတသက်လုံးရှိနေပေးမှာမို့ ဘာမှစိတ်မပူနဲ့နော်......

အရာအားလုံနဲ့ ယှဥ်ပြီး ရွေးချယ်ရမယ်ဆိုရင်တောင် ကိုယ်ကမင်းကိုပဲ ရွေးချယ်မှာ.....

မင်းသာ စိတ်ချမ်းသာမယ်ဆို ကိုယ်တလောကလုံးကို ရန်သူလိုသဘောထားရလဲ ဖြစ်တယ်..... '

ဒီစကားတွေက ဘာကိုပြောချင်ခဲ့တာလဲ.....
ကျနော့်ကို နှစ်သိမ့်ပေးဖို့အတွက်ပဲ ပြောခဲ့တာလား........

ကျေးဇူးတင်ပါတယ် ကျနော့်ကို စိတ်ရင်းနဲ့ မဟုတ်တောင် နှစ်သိမ့်ရုံလေးပြောပေးခဲ့လို့....

ကျေးဇူးတင်ပါတယ် အနားမှာ အမြဲရှိနေပေး အမြဲဂရုစိုက်ပေးခဲ့လို့.......

Smile And Lose Where stories live. Discover now