Part 19

176 21 16
                                    

Tayတစ်ယောက် မနက်ခင်းရဲ့ နေရောင်ခြည်စူးစူးကြောင့် နိုးထလာခဲ့တယ် အိပ်ရာကထပြီး ဘေးဘီကိုကြည့်မိတော့ Newကရှိမနေဘဲ ညကသူနဲ့Newကြားခြားထားတဲ့ဖက်လုံးတစ်လုံးသာ ရှိနေတယ်......

Tayကုတင်ကနေဆင်းပြီး ရေချိုးခန်းဆီဝင်သွားလိုက်တော့ ဘေဇင်ပေါ်မှာအသင့်တင်ထားတဲ့ သွားတိုက်တံအသစ်တစ်ချောင်းက သွားတိုက်ဆေးလေးပါထည့်ထားပြီးသား.....

သွားတိုက်မျက်နှာသစ်ပြီး အခန်းထဲကထွက်လာတော့ မီးဖိုခန်းလို့ထင်ရတဲ့ အခန်းလေးထဲမှာ ချက်ပြုတ်နေတဲ့ အဒေါ်တစ်ယောက် Newမေမေဖြစ််မယ်ထင်တယ်

မီးဖိုခန်းလေးက မြင်ဖူးသလိုတော့ရှိသား.......

Tay မီးဖိုးခန်းထဲဝင်လိုက်ပြီး ချက်ပြုတ်နေတဲ့အဒေါ်နားလေးကိုသွားကာ.....

" ဒေါ်ဒေါ်ဗျ ကျနော်ဘာကူညီပေးရမလဲ "

" အိုး..... ceoလေး နိုးပြီလား...... မနက်စာစားတော့မလား ဒေါဒေါ်ပြင်ပေးမယ်လေ "

" ဟုတ် ကျနော်မဆာသေးဘူးဗျ "

" မဆာသေးဘူးဆို သားNewပြန်လာတဲ့ထိ ခနစောင့်မလား ceoလေး "

" ဟုတ် ဒေါ်ဒေါ် Newကဘယ်သွားတာလဲဗျ "

" သားNewက ကော်ဖီဆိုင်မှာ ပစ္စည်းတစ်ခုရောက်နေလို့သွားယူတယ် "

" အာ....ဟုတ် ဒေါ်ဒေါ်  "

Tayလဲ Newမေမေကို ဟင်းခွက်တွေကူညီပြီး ချပေးလိုက််တယ် အားလုံးနေရာတကျထားပြီးသွားတော့ Newမလာသေးတာကြောင့် ကိုယ်စီခုံမှာ ထိုင်ကာစောင့်နေကြတယ်....

Tay ရှေ့က Newမေမေမျက်နှာကိုမြင်ဖူးသလိုရှိနေတာကြောင့် သေချာစဥ်းစားကြည့်လိုက်တယ် 

လွန်ခဲ့တဲ့2နှစ်က ငါ အိမ်ပြန်ပြီး လိုက်ပို့ခဲ့တဲ့အန်တီကNewမေမေများလား......

" ဒေါ်ဒေါ်ဗျ..... "

Tayခေါ်တော့ Newမေမေက Tayကိုပြုံးပြီးကြည့်တယ် .....

" ပြောလေ ceoလေး "

" ဒေါ်ဒေါ် ကျနော့်ကိုမှတ်မိမလား မသိပေမဲ့လွန်ခဲ့တဲ့2နှစ်ကျော်လောက်က ကျနော့်ကားနဲ့ဒေါ်ဒေါ့်ကို ခိုက်မိမလိုဖြစ်တော့ ကျနော်ဒေါ်ဒေါ့်ကိုကူတွဲပြီး အိမ်ကိုလိုက်ပို့ပေးခဲ့တယ်လေ "

Smile And Lose Where stories live. Discover now