အပိုင်း(၅၆)

Comenzar desde el principio
                                    

စုန့်ထင်ယွီကို စုန့်ဝမ်ရှီမော့ကြည့်လိုက်ပြီး: 'ဒါပေမယ့် ဖေဖေကမေမေ့ကိုမကောင်းတဲ့လူလို့ထင်နေတာမလား?အန်တီပိုင်ကိုမေမေတွန်းချလိုက်တာလို့ဖေဖေထင်နေတာမလား?'

သူ့မေးခွန်းကိုစုန့်ထင်ယွီပြန်မဖြေနိုင်ဘူး။ဒီကိစ္စကိုသူမတွေးချင်ဘူး။သက်သေတွေကစုရန်လို့ဘဲဖော်ပြနေတာ။ပိုင်ချီရွေ့က‌လဲသူဘာသာခုန်ချမှာမဟုတ်ဘူး။

အမှန်တော့ အဲ့ဒါဖြစ်ပြီးနှစ်ရက်ကြာတော့ သူဟိုတယ်သွားပြီးCCTVကိုသွားကြည့်သေးတယ်။ဒါပေမယ့်စိတ်မကောင်းစွာနဲ့လှေကားကထောင့်နားကပ်နေပြီး CCTVရဲ့အဆုံးဖြစ်နေပြီး နံရံကလဲကွယ်နေတယ်။

CCTVကနေသူဘာသတင်းမှမသိလာခဲ့ဘူး။

အဖွားပြောတဲ့CCTVက သူ့ကိုလိမ်ပြောခဲ့တာ။

စုန့်ထင်ယွီ သူ့ပါးလေးကိုကိုင်လိုက်တော့:
'သားသိတာပေါ့ဖေဖေလဲအဲ့လိုထင်နေတာမလား?မေမေသူ့ကိုတွန်းချလိုက်တာလို့ထင်နေတာမလား?မဟုတ်ဘူး သူ့ဘာသာသတိမထားမိဘဲပြုတ်ကျသွားတာ။ပြီးတော့လဲမေမေ့အင်္ကျီပေါ်ကိုသူရှိန်ပိန်တွေမှောက်ချလိုက်သေးတယ်။သားမေမေ့ကိုသွားရှာတော့ သူကမေမေ့ကိုတွန်းချတော့မလို့။ဒါပေမယ့်မေမေကလှေကားလက်ကိုင်ကိုကံကောင်းလို့ကိုင်မိသွားတာ။
ပြီး‌တော့ သားရောက်လာတာနဲ့သူပြုတ်ကျသွားတာ'

စုန့်ထင်ယွီတိတ်ဆိတ်သွားပြီး: 'ဝမ်ရှီ အဲ့ဒီအကြောင်းကိုဆက်မပြောကြရအောင်?'

'ဘာလို့ဆက်ပြောလို့မရတာလဲ?ဖေဖေတကယ်တော့မေမေ့ကိုမယုံဘူးမလား?မေမေ့ကိုဖေဖေမကြိုက်တာမလား?ဖေဖေကအန်တီပိုင်ကိုကြိုက်နေတာမလား?'  စုန့်ဝမ်ရှီခေါင်းမာစွာနဲ့ အခုသူ့အဖေပါးစပ်က‌နေတိုက်ရိုက်ပြောတာကိုသူကြားချင်နေတယ်။

ဘာလို့ဆို စုရန်ကိုစုန့်ထင်ယွီထပ်ပြီးအထင်မလွဲစေချင်လို့။

'ဝမ်ရှီ'

သားအဖနှစ်ယောက်ရဲ့တင်းမာနေတဲ့အခြေအနေကစုရန်အသံကချိုးဖျက်လိုက်တယ်။

စုရန်အထဲကိုဝင်လာပြီး ဘေးမှာထားထားတဲ့စာအုပ်ကိုဝမ်ရှီကိုပေးလိုက်ကာ: 'သားစာအုပ်ဖတ်ထားနှင့်။ဖေဖေနဲ့မေမေအပြင်မှာပြောစရာလေးရှိလို့'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးDonde viven las historias. Descúbrelo ahora