36

5.9K 1K 13
                                    

ကျွန်တော်တို့ရဲ့ အသက်ကိုကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
...............................................................................

စတုန်း၏အသံက အလွန်စူးရှရာ တောင်ကြောလမ်းမှ အဖြစ်အပျက်က မိုးသည်းသည်းကိုပင်ဖြတ်၍ မြင်းတပ်ထံရောက်သွားသည်။

ဦးဆောင်သူယောက်ျားက ခေါင်းမော့ကာ ဓားနှစ်လက်ကဲ့သို့စူးရှသောအကြည့်များဖြင့် မိုးစက်မိုးပေါက်များကိုဖြတ်၍ သူတို့အားလုံးကို ဝါးခမောက်အောက်မှစိုက်ကြည့်နေသည်။ သူ၏ အရှိန်အဝါမှာ ထူးကဲလွန်းသည်။

"မင်းက ဘယ်သူတုန်း။" ဓားပြများ၏ မျက်နှာမှာ စိုးရိမ်တကြီးပြောင်းလဲသွားသည်။

သို့သော် မည်သူကမှ ပြန်မဖြေပေ။ မြင်းတပ်သားအားလုံးမှာ တိတ်ဆိတ်နေကြသည်။ သူတို့က မိုးစက်များကိုဖြတ်ကာ ခက်ထန်သောအရှိန်အဟုန်ဖြင့် ချည်းကပ်လာသည်။

"ရပ်လိုက်၊ မရပ်ရင် ငါတို့ မင်းတို့ကို သတ်ပစ်မှာ။" ဓားပြများ၏ခေါင်းဆောင်က ဒေါသထွက်ထွက်ဖြင့် ပြောလိုက်သည်။

မြင်းတပ်က မရပ်သွားပေ။ ဦးဆောင်သူ၏မျက်ဝန်းများက မထီမဲ့မြင်ဟန်ဖြင့် စူးရှထက်မြက်နေပြီး ဓားပြခေါင်းဆောင်ကို လုံးဝအာရုံမစိုက်ပေ။

"သေစမ်းကွာ။ ညီအစ်ကိုတို့ လက်နက်တွေကို အသင့်ပြင်ထားကြ။ ဒီမှာ ခွဲဖို့ခက်တဲ့ သစ်မာသီးတွေလာပြီ။" ဓားပြခေါင်းဆောင်က ကျိန်ဆဲကာ ကျယ်ကျယ်လောင်လောင် အမိန့်ပေးလိုက်သည်။

ထို့နောက် အစောင့်ဝမ်ကို တိုက်ခိုက်နေသည့် ဓားပြအရေအတွက် ရုတ်တရက်လျော့သွားကာ အစောင့်ဝမ်နှင့်အဖော်များ စိတ်သက်သာရာရသွားသည်။ သူတို့ အကယ်ခံရလောက်သည်။

"ဦးလေးလီ၊ ခဏနေလို့ အခွင့်အရေးရင် စတုန်းနဲ့အတူ ရထားလုံးထဲမှာ ပုန်းနေနော်။ ကျန်တာကို ကျွန်တော်တို့ ကိုင်တွယ်လိုက်မယ်။" အစောင့်ဝမ်က အိမ်တော်ထိန်းကို ပြောသည်။

"အင်း၊ ကောင်းပြီ။" အိမ်တော်ထိန်းက ပြန်ဖြေသည်။

ထိုအချိန်တွင် ဓားပြအချို့က အတားအဆီးများကို ထပ်မကာ မြင်းတပ်ပြေးလာမည့်အချိန်ကို စောင့်နေသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now