New ကုမ္မဏီမှာ အလုပ်ဝင်တာ 1လနီးပါးလောက်ရှိပြီ အလုပ်လုပ်နေစဥ်အတောအတွင်း Tayနဲ့ တော်တော်လေး အဆင်ပြေကြတယ်.....
Tayအလုပ်တွေကို ကူလုပ်ပေးနိုင်သလို Meeting time; Project နဲ့ပတ်သတ်တဲ့ အစီအစဥ်တွေကို Newကပဲ Tay အစားလုပ်ပေးလေ့ရှိတယ်.....
New အလုပ်ဝင်တဲ့ ဒုတိယနေ့ကအတိုင်း Tayက နေ့လည်ဘက်တွေဆို အလုပ်အရမ်းမရှူပ်ရင် ဆိုဖာလေးမှာ ကွေးကွေးလေး သွားအိပ်နေတတ်တယ် တစ်ခါတစ်ခါဆို အိပ်ရင်း ယောင်နေတတ်သေးတာ......
New တစ်ခုတွေးမိတယ် အလုပ်လုပ်တာ အချိန်တစ်ခုကြာသွားလို့ Tayသူ့ကိုယုံကြည်လောက်တဲ့အချိန်ကျ Tay နေ့ဘက်တွေအိပ်ဖို့အတွက် ရုံးခန်းအတွင်းဘက်မှာ အိပ်ခန်းတစ်ခန်းစီစဥ်ပေးမယ် ဒါမှ Tay သက်သောင့်သက်သာအိပ်နိုင်မှာ......
" Hey New...... "
New အရင်နေ့တွေက Tayနဲ့ ပြန်ဖြစ်သလို Tayအလုပ်ကိစ္စနဲ့ စောစောပြန်သွားတတ်တဲ့နေ့ဆို Busနဲ့ပြန်ဖြစ်တယ် .....
New Tayနဲ့တူတူပြန်ဖို့ ကားparkingကို လာခဲ့ပေမဲ့ သူ့ကိုကြိုစောင့်နေတဲ့ Singကြောင့် Singဆီသွားလိုက်တယ်.....
" ဘာလာလုပ်တာလဲ "
" မင်းကို လာကြိုတာလေ "
" အလုပ်ရှူပ်အောင် Singရာ "
" မရှူပ်ပါဘူး ငါတို့သွားကြမလား "
Singက Newဘေးမှာရပ်နေသေးတဲ့ Tayကိုမှအားမနာ ကားတံခါးဖွင့်ပေးနေတာကြောင့် Newလဲ Singလက်ကိုလှမ်းဆွဲကာ Tayဆီမျက်စပစ်ပြလိုက်တယ်.....
" မင်္ဂလာပါ အကို ပြန်တော့မလို့လား "
Tayလဲ ကောင်လေးက သူ့ကိုနှုတ်ဆက်လာတော့ပြန်နှုတ်ဆက်လိုက်တယ်....
" အင်း ကိုယ်သွားတော့မယ်နော် New ကိုယ်သွားပြီ မနက်ဖြန် ရုံးပိတ်ရက်ဆိုတော့အေးဆေးအနားယူပါ "
Tay နှုတ်ဆက်ပြီးထွက်သွားတာနဲ့ Singနဲ့Newလဲ ကားပေါ်တက်လိုက်တယ်....
လေတချွန်နဲ့ကားမောင်းနေတဲ့ Singကတစ်ချက်တစ်ချက်Newကို ကြည့်ပြီးပြုံးစိစိနဲ့ ဒါကိုNewကမြင်တော့.....
" ငါ့ကို ဘာကြည့်ပြီးပြုံးနေတာလဲ "
" ငါ Kitကို ကြိုက်နေတာ မင်းသိတယ် ဟုတ် "

YOU ARE READING
Smile And Lose
Fanfictionမင်း အပြုံးက ကိုယ့်အတွက် သကြားလုံးလေးတစ်လုံးလိုပဲ အရမ်းချိုမြတယ်.....🍬 ခများ ကျနော့်ပေါ်ထားတဲ့ အချစ်တွေက ကျနော့်ကို ရှူံးစေတယ်.......