Newတစ်ယောက် အိမ်ပြန်ရောက်ရောက်ချင်း ဖုန်းကြည့်မိတော့ ဖုန်းထဲက Singရဲ့ misscallပေါင်းများစွာကြောင့် ပြန်ခေါ်ဖို့လုပ်လိုက်ပေမဲ့ မေမေက ညစာစားဖို့စောင့်နေတာကြောင့် မေမေနဲ့တူတူ သွားစားလိုက်တယ် ..." သားလေး အလုပ်စဆင်းတဲ့နေ့မှာ အဆင်ပြေခဲ့ရဲ့လား "
" ဟုတ် မေမေ အဆင်ပြေပါတယ် "
" အလုပ်ရှင်ကကော သားကိုသဘောကျရဲ့လား "
" ကျပါတယ် မေမေရဲ့ သားမေမေ့ကို အလုပ်ရှင်အကြောင်းပြောပြစရာရှိသေးတယ် "
Newက စားနေရင်းဇွန်းခရင်းကို ချလိုက်ကာဘေးကရေခွက်ကိုယူပြီး ရေသောက်လိုက်တယ် ပြီးမှ.......
" သားအလုပ်ရှင်ကလေ တခြားသူမဟုတ်ဖူး မေမေရဲ့Gunမမရဲ့ရီးစားလေ မေမေသိတယ်မလား "
" သိတာပေါ့ ......သားရဲ့ "
" သူက သဘောတော့ကောင်းတယ် မေမေရဲ့ အလုပ်လဲ ကြိုးစားတယ် "
" သားအလုပ်ရှင်က သူဆိုတာသားGunသိရဲ့လား "
" သိတယ် မေမေရဲ့ သားဖုန်းဆက်ပြောလိုက်တယ် "
" သားGunက ခွင့်ပြုတယ်လား "
" ခွင့်ပြုတာပေါ့ မေမေရဲ့Gunနဲ့သားအလုပ်ရှင်နဲ့က အခုကောင်းမွန်တဲ့ဆက်ံဆံရေးပဲကို "
" အဆင်ပြေသွားတာပေါ့ သားအလုပ်ကို သေချာကြိုးစားပြီးလုပ်နော် "
" ဟုတ်ကဲ့ပါ မေမေရဲ့ "
Newလဲ စားသောက်ပြီးတာနဲ့ မေမေ့ကိုကူစရာရှိတာကူပေးကာ အခန်းဆီလာခဲ့လိုက်တယ်......
" Hello...... "
New ခြေလက်သန့်စင်ပြီး အဝတ်လဲကာ ကုတင်ပေါ်တက်ပြီး ဖုန်းကြည့်မယ်လုပ်တော့သူ့ရဲ့အသစ်စက်စက် Ceoဆီက ဖုန်းဝင်လာတယ်....
" Hello "
" မင်းကို ကိုယ်အရေးတကြီးပြောစရာရှိတာ ပြောဖို့မေ့သွားတယ် "
"ဘာများလဲ ဗျ "
" မင်းကိုယ်နဲ့ မနက်ဖြန်ညကျပွဲတစ်ပွဲ လိုက်ခဲ့ရမယ် "
" ဗျာ ကျနော်အလုပ်ဝင်တာ ဒီနေ့မှပထမဆုံးနေ့လေ အဲ့လိုပွဲတွေက ချက်ချင်းလိုက်ရတော့မှာလား "

YOU ARE READING
Smile And Lose
Fanfictionမင်း အပြုံးက ကိုယ့်အတွက် သကြားလုံးလေးတစ်လုံးလိုပဲ အရမ်းချိုမြတယ်.....🍬 ခများ ကျနော့်ပေါ်ထားတဲ့ အချစ်တွေက ကျနော့်ကို ရှူံးစေတယ်.......