"လာလေ ဒီကို ပြန်လာခဲ့ ကိုယ်တို့အတူတူသွားမယ်လေ.."

စစ်နိုင်း ပြောတော့ ဒေါန၏ မျက်ဝန်းလေးတွေထဲ ဝမ်းနည်းရိပ်တို့ ယှက်သမ်းသွားလေသည်။နောက်ပြန်လှည့်လာမလိုမျိုး လှည့်လာပြီးမှ တစ်စုံတစ်ယောက်၏ ပွေ့ဖက်ဆွဲခေါ်ယူခြင်းအား ခံလိုက်ရသောကြောင့် စစ်နိုင်းဆီသို့ မရောက်နိုင်ပဲ ဖြစ်သွားလေသည်။ထိုအခါမှ ဒေါန၏ နံဘေးမှာ ရှိနေသော တစ်စုံတစ်ယောက်အား စစ်နိုင်းသတိပြုမိသည်။ဖြူဖြူမြင့်မြင့်ဖြင့် ပိန်ပါးလျသော ခန္ဓာကိုယ်တစ်ခုဟာ ဒေါနအား အမှောင်ထုထဲသို့ အတင်းအကျပ်ဆွဲခေါ်ကာ အတူတကွတိုးဝင် ပျောက်ကွယ်ပစ်ဖို့ တာစူနေလေသည်။ဒေါနကိုယ်တိုင်သည်လည်း ထိုအရိပ်သဏ္ဍန်အား မလွန်ဆန်နိုင်စွာ အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားရတော့မလို ဖြစ်နေလေသည်။စစ်နိုင်းဆီသို့သာ ပြန်လာချင်နေသလို ညှိုးငယ်ရိပ်တို့သမ်းနေသော မျက်ဝန်းများကာ လာပါ ကူပါ ကယ်ပါ ဒီလူ၏လက်မှ သူ့အားကယ်တင်ပါဟု ပြောနေသယောင်ရှိလေသည်။

"မဟုတ်ဘူး မသွားနဲ့ လိုက်မသွားနဲ့ ဒေါန ကိုယ့်ဆီကို ပြန်လာခဲ့..."

စစ်နိုင်း အော်ဟစ်ရင်း ပြေးလိုက်မိတော့ ခန္ဓာကိုယ်က အားအင်ကုန်ခမ်းနေသလို စိတ်သွားတိုင်း ကိုယ်မပါနိုင်ပဲ ပြိုလဲကျလေသည်။

!မဖြစ်ဘူး သူ ဒေါနကို လိုက်ဆွဲခေါ်မှဖြစ်မယ်။မဟုတ်ရင် ဒေါနက အဲ့ဒီတစ်ယောက်နဲ့ အမှောင်ထုထဲကို လိုက်သွားပြီး ပျောက်ကွယ်သွားတော့မှာ။အဲ့ဒီတစ်ယောက်ရဲ့ အတင်းအကျပ် ခေါ်ဆောင်သွားခြင်းကို ခံရတော့မှာ။သူ..အဲ့ဒီလိုမျိုး ခွင့်မပြုလိုက်နိုင်ဘူး...!

"ဒေါန မင်းမသွားနဲ့ ကိုယ့်ကို မထားခဲ့နဲ့ ဒေါနကို မခေါ်သွားနဲ့...."

စစ်နိုင်း ထိတ်လန့်ခြောက်ခြားသော အတွေးများနှင့်အတူ အသံကုန် အော်ဟစ်ရင်း အတင်းကုန်းရုန်းထကာ ပြန်ပြေးလိုက်ပေမဲ့ ပြန်ပြိုလဲကျပြန်သည်။ဒီတစ်ခါတော့ စစ်နိုင်း၏ အော်သံကြောင့် ဒေါနတင်မကပဲ ဒေါန၏ နံဘေးမှသဏ္ဍန်ကပါ လည်ပြန်လှည့်ကြည့်လို့လာလေသည်။

"ဟင်! ရှင်းခန့်...."

ထိုသဏ္ဍန်၏ မျက်နှာအားမြင်တွေ့လိုက်ရတော့ စစ်နိုင်း၏ရင်ထဲ အံ့သြထိတ်လန့်မှုတို့ ကြီးစိုးသွားရသည်။

Green Eye(complete)Where stories live. Discover now