New မနက်စာစားပြီး ပြန်လာထဲက အလုပ်ပေါ်မှာသာ အာရုံစိုက်နေတဲ့ Ceoကိုလှမ်းကြည့်ပြီး တစ်ချက်ပြုံးလိုက်တယ် .......
Ceoက Gunမမ ချစ်ရင်လဲ ချစ်ချင်စရာပဲ အလုပ်ကို အရမ်းကြိုးစားတာ.......
Tay သူနဲ့ မျက်စောင်းထိုးစားပွဲမှာထားပြီး စာရင်းတွေစစ်ခိုင်းထားတဲ့ကောင်လေးက သူ့ကိုလှမ်းကြည့်ကာ ပြုံးလိုက်တာကြောင့် သူပါပြုံးမိသွားတယ်.......
ဘာကြောင့် သူ့ကိုကြည့်ပြီးပြုံတာလဲသိချင်တာကြောင့် တပ်ထားတဲ့မျက်မှန်လေးကို ချွတ်လိုက်ပြီး ကောင်လေးဆီအကြည့်ပို့ကာ....
" မင်းနားမလည်တာများ ရှိလို့လား "
Newလဲ မျက်မှန်လေးစားပွဲပေါ်ချရင်း သူ့ကိုကြည့်ကာ မေးလာတဲ့Ceoကြောင့် ဘာဖြေလို့ဖြေရမှန်းမသိ မဟုတ်မှ သူခိုးကြည့်တာသိသွားတာများလား......
" မရှိပါဘူး Ceoဘာလို့လဲဗျ "
" အစောက မင်းကိုယ့်ကိုကြည့်ပြီး ပြုံးလိုက်သလိုပဲ "
" အာ....အဲ့တာက ကျနော် သဘောကျလို့ပြုံးမိရုံပါ ကျနော်ပြုံးတာ Ceoတွက်အဆင်မပြေဘူးဆို ကျနော် နောက် မပြုံးတော့ပါဘူး "
" အို....အဲ့လိုမဟုတ်ပါဘူး ကိုယ်ကဘာလို့ မင်းပြုံးတာကို သဘောမကျရမှာလဲ "
" ဒီလိုဆို သဘောကျတာလား "
" ဟမ် "
" ဟား...စတာပါ Ceoရယ် ကျနော်နားမလည်တာရှိရင် Ceoကိုမေးမှာမို့ အလုပ်ပဲဆက်လုပ်နော် ကျနော်လဲ အလုပ်လုပ်အုံးမယ် "
Newကပြောပြီး စာရင်းတွေဆီ အာရုံရောက်သွားတာမို့ Tayလဲအလုပ်ကိုပဲ ဆက်လုပ်လိုက်တယ်.....
အဟက်.....ကောင်လေးကအချေလေး....
Gunတို့ Singနဲ့အတူ Newကုမ္မဏီရှေ့ကိုရောက်လာခဲ့တယ် Singက ကားparkingမှာ ကားရပ်လိုက်ပြီး....
" P Offနဲ့ Gunသွားကြရအောင် "
" Sing မင်းပြောတော့ ကော်ဖီဆိုင်ဆိုဘယ်လိုလုပ် Newအလုပ်လုပ်တဲ့ ကုမ္မဏီကိုရောက်လာရတာလဲ "
" မင်းမသိပါဘူး အခုNewကို အရင်သွားခေါ်ရအောင် "
" အလုပ်ချိန်ကြီးလေ "
" အလုပ်ချိန်လဲ ကိစ္စမရှိဘူး ဒီကုမ္မဏီကငါ့အမရဲ့ သူငယ်ချင်းကုမ္မဏီလေ "

YOU ARE READING
Smile And Lose
Fanfictionမင်း အပြုံးက ကိုယ့်အတွက် သကြားလုံးလေးတစ်လုံးလိုပဲ အရမ်းချိုမြတယ်.....🍬 ခများ ကျနော့်ပေါ်ထားတဲ့ အချစ်တွေက ကျနော့်ကို ရှူံးစေတယ်.......