" ကော"

" ဟင် "

"ကျွန်တော် တွေ့မယ်နော် မိဘတွေနဲ့"

ရှောင်းကျန်းက ရိပေါ်ကို ဆွဲလှည့်ပြီး
ခပ်တင်းတင်း ဖက်ပစ်တယ်။

"ကျေးဇူးတင်ပါတယ် ရိပေါ် ကိုယ့်ကို
လက်ခံပေးတဲ့အတွက်ပါ"

လူချင်းခွာလိုက်ပြီးတော့ ရှောင်းကျန့်က
အိပ်ကပ်ထဲက ဘူးလေးထုတ်ပြီး ဖွင့်လိုက်တော့ ပလက်တီနမ်ဆွဲကြိုးလေး။

"ရိပေါ်  ကိုယ်တို့က operation ဝင်ရတဲ့လူတွေမို့ လက်စွပ်အစား ဒါလေးအမြဲဆွဲထား
ကြရအောင်နော်"

ရိပေါ် ခေါင်းငြိမ့်ပြလိုက်တော့ ရှောင်းကျန့်က ဝတ်ပေးလိုက်ပြီး နားဖျားလေးကိုနမ်းတယ်။

ဒီတစ်ခါတော့ ကျန့်ကောလည်ပင်းကို
သိုင်းဖက်ပစ်လိုက်ပြီး ကျန့်ကောနှုတ်ခမ်း
ပါးလေးကိုရော မှဲ့လေးကိုရော သိမ်းနမ်းပစ်လိုက်ပြီး ခံတွင်း နွေးနွေးထဲထိ တိုးဝင်
နမ်းရှိုက်ပစ်လိုက်တယ်။

ကျန့်ကောက အရာရာကိုသူ့ကိုဘဲ
မူတည်ပြီး စဉ်းစားဆုံးဖြတ်တယ်ဆိုတာ
ရိပေါ်အကြွင်းမဲ့ယုံကြည်တယ်။

----တင်းတောင်----

ချစ်ကြည်နူးနေတုန်း မြည်လာတဲ့ တံခါး
ဘဲလ်သံ နမ်းနေကြသူနှစ်ယောက်ရဲ့ အရှိန်
ကို ဟန့်လိုက်တယ်။

ရိပေါ်က တံခါးဆီ လျှောက်သွားပြီး
ရှောင်းကျန့်က စားပြီးသားတွေ သိမ်းဖို့
ပြင်လိုက်တယ်။

" ဟင် ရှောင်မင် ပါလား "

" အင်း ကိုကို ကျွန်တော် အထဲဝင်မယ်နော်"

လီမင်က ပြောပြောဆိုဆို ဝင်လာပြီးတဲ့
နောက် ဘေစင်မှာ ပန်းကန်ဆေးနေတဲ့
ရှောင်းကျန့်ကို တွေ့လိုက်ရတယ်။

"ဧည့်သည်ရှိနေတာဘဲကိုကို ပရော်ဖက်ဆာ မင်္ဂလာပါ နေကောင်းတယ်နော်"

ဧည့်သည်လို့ပြောလိုက်တော့ ကြားထဲက
ရိပေါ်နေရခက်သွားတယ်။ရှောင်မင်က
ကောကို သဘောမကျဘူးထင်တယ်။

"ရှောင်မင်ကောကဧည့်သည်မဟုတ်ဘူးလေ"
ရိပေါ်က ဝင်ပြောတယ်။

"ကဲပါ ကိုကိုနဲ့ ဝိုင်အတူသောက်ရအောင်
လာတာ ပရော်ဖက်ဆာလည်းရှိနေတော့
join မယ်မလားဟင်"

Deviation of Loveजहाँ कहानियाँ रहती हैं। अभी खोजें