အခန်း(၉၄)

8.8K 1.6K 81
                                    

伪装学渣
Wei Zhuang Xue Zha


UNICODE

လောင်ရှဲ့ တစ်ပွဲလောက်နွှဲမလား


ဟယ့်ကျောင်းက စကားဆိုမည်အပြုမှာပဲ မြေဖြူခဲတစ်ပိုင်းက ကွက်တိသူ့စားပွဲစွန်းထက်ထိမှန်လာ၏။

လောင်ဝူမှာ သူတို့အားပုစ္ဆာတွက်ဖို့ အချိန်အနည်းငယ်ပေးလို့ထားထားလိုက်သည်။ ပုစ္ဆာကလွယ်ကူရိုးရှင်း၍ ဒီလောက်ဆိုနားလည်လောက်ပြီဟု စိတ်ထဲတွေးရင်းမှ မျက်လွှာပင့်အကြည့်မှာပဲ ဒုတိယနှစ်တစ်ခုလုံးရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့နှစ်ယောက် ပူးကပ်လျက်မှချစ်ကြည်နူးနေကြသည်ကို တွေ့လိုက်ရပေသည်။

"နောက်ဆုံးကနှစ်ယောက် မင်းတို့ချစ်ချစ်ခင်ခင်ရှိကြတာကို သိတယ် ၊ အတန်းတက်နေချိန်မှာတော့ မင်းတို့ရဲ့အာရုံတွေကို ငါ့စီပဲပို့ထားလို့များမရနိုင်ကြဘူးလား. . .  . . .ငါကအဲ့လောက်တောင် ဆွဲဆောင်မှုမရှိဖြစ်နေတာလား။"

"ဆွဲဆောင်မှုရှိပါတယ် ဆွဲဆောင်မှုရှိပါတယ်. ."

ဟယ့်ကျောင်းက လိုက်လိုက်လျောလျောဖြင့် ခပ်ကျယ်ကျယ်လှမ်းပြောလာသည်။

"လောင်ထန်က အမှတ်(၂)ရဲ့ ကောဖုချန်ဆို ဆရာကတော့ အမှတ်(၂)ရဲ့ လျိုသယ်ဟွာပဲ။"

(T/N : Aaron Kwok နဲ့ Andy Lau ကိုပြောတာပါ ဟောင်ကောင်မင်းသားကြီးနှစ်ယောက်ပါ)

ဟယ့်ကျောင်းရဲ့ ထိုသို့မျက်နှာလိုမျက်နှာရ မြှောက်ပင့်နိုင်သည့်အရည်အချင်းအား ရှဲ့ယွီအတော်လေးဩချမိသည်။

လောင်ဝူမှတော့ အမြှောက်ခံရ၍ဝမ်းသာပီတိဖြာနေရှာ၏။ ရယ်မောသံတွေကြား လျိုသယ်ဟွာနှင့်မိုင်ပေါင်းသောင်းရှစ်ထောင်လောက် အကွာကြီးရှိသည့်သက်လတ်ပိုင်းဆရာမှာ ဆံပင်ကိုသပ်တင်ရင်း တည်တည်ငြိမ်ငြိမ်စကားဆက်ဆိုလာသည်။

"အရင်ချိန်တွေတုန်းကဆို ငါလည်းပဲ ကျောင်းမှာရေပန်းစားတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့တာပဲကွ။"

အောက်ရှိလူများမှာ ကိုယ်တွေယိမ်းထိုးပြီးကိုရယ်မောလာကြသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now