အပိုင်း(၅၂)

Start from the beginning
                                    

စုရန်ခေါင်းညိတ်ပြလိုက်ပြီး စုန့်ထင်ယွီအနောက်ကနေလိုက်သွားလိုက်တယ်။ဒေါက်တာရှူရုံးခန်းကို စကားမပြောဘဲသူတို့တွေဘေးချင်ကပ်လမ်းလျှောက်သွားလိုက်ကြတယ်။

သူတို့နှစ်ယောက်ရဲ့အခြေအနေကဟိုးအရင်တုန်းကအတိုင်းပြန်ပြီးဖြစ်နေတာကိုစုရန်ခံစားမိတယ်။ဒီပုံစံအတိုင်းဘဲဆက်သွားရင်ကောင်းလိမ့်မယ်။

စုန့်ဝမ်ရှီနေကောင်းသွားတာနဲ့ သူမတို့တွေနှုတ်ဆက်ကြပြီး ဘာဆက်ဆံရေးဘာခံစားချက်မှရှိမှာမဟုတ်တော့ဘူး။

သူမအဲ့ဒီအကြောင်းကိုစဉ်းစားနေတာနဲ့လမ်းကိုသတိမထားမိလိုက်ဘူး။ဆေးရုံလျှောက်လမ်းမှာကလူတွေကသွားလိုက်လာလိုက်လုပ်နေကြတာပုံမှန်ဘဲ။အခုလဲသူမတို့‌အရေးပေါ်အခန်းကိုဖြတ်သွားရတော့လမ်းမှာလူတွေအများကြီးရှိနေကြတယ်။

အဲ့ဒီအချိန်မှာလူနာတစ်ယောက်ကိုတွန်းပြီးဝင်လာတာကိုစုရန်သတိမထားမိဘဲ သူမသိတဲ့အချိန်မှာနောက်ကျသွားပြီ။
စုန့်ထင်ယွီကသူမဘေးမှာရပ်နေတော့ အဲ့တာကိုလဲတွေ့ရောသူမကိုတံတောင်ဆစ်ကနေသူ့ဘက်ကိုဆွဲလိုက်တယ်။

'မင်းအဆင်ပြေရဲ့လား?'

စုရန်ရင်ဘက်လေးဖိပြီး ဝင်သွားတဲ့လူနာကုတင်ကိုကြည့်လိုက်တယ်။သူမခေါင်းညိတ်ပြလိုက်ပြီး အခုမှစုန့်ထင်ယွီရင်ခွင်ထဲမှာသူမရောက်နေတာကိုသိသွားတယ်။သူမမျက်မှောင်ကြုတ်လိုက်ပြီး: 'ကျွန်မအဆင်ပြေပါတယ်။ရှင်လွှတ်လို့ရပြီ'

စုန့်ထင်ယွီလဲဆေးရုံခန်းထဲကအကြောင်းကိုပြန်တွေးပြီးနားထင်ကြောတွေတောင်ထောင်လာတယ်လို့ခံစားလိုက်ရတယ်။

လင်ချန်ဟွမ်ကစုန့်ဝမ်ရှီကိုချီထားပြီး သူ့ရဲ့တစ်ခြားလက်တစ်ဖက်ကလဲစုရန်နဖူးလေးကိုထုနေတာ။

အဲ့တာကိုကြည့်ရင် သူတို့သုံးယောက်အရမ်းကိုကြင်နာနေကြတဲ့မိသားစုကြနေတာဘဲ။

သူကတော့အပြင်လူပေါ့။

စုရန် သူ့ကိုဆက်ဆံတဲ့ပုံစံက လင်ချန်ဟွမ်ကိုဆက်ဆံတဲ့ပုံစံနဲ့တော့တခြားဆီဘဲ။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now