မိုး- မိုင်ကအလိမ်တော်သားပဲ

မိုင်- ဟိတ် လာမစနဲ့နော် ဘယ်သူ့ကြောင့်လိမ်ရတာလဲပြော

မိုး- အင်းပါ မိုးကြောင့်ဆိုတာသိပါတယ် အာ့ကြောင့်လည်းအားကိုးနေရတာပေါ့

မိုင်- အားကိုးတယ်ဆို အခုတစ်ခါထဲလက်ထပ်လိုက်ကြမလား

မိုး- ဘယ်လိုဖြစ်နေတာလဲ သူ့ကိုမယူဘဲထွက်ပြေးမှာကျနေတာပဲ

မိုင်- ထွက်ပြေးလို့လဲမရပါဘူး အဲ့လိုသာဆိုလိုက်ဖမ်းပြီးအပိုင်သိမ်းလိုက်မှာ ဘာမှတ်နေလဲ

မိုး- အမလေးလေး ခြိမ်းခြောက်နေလိုက်တာ ကြောက်လွန်းလို့မပြေးရဲပါဘူးရှင်

မိုင်- အဟင်းဟင်း မိုးကိုကိုယ်အရမ်းချစ်တာပဲ

မိုး- မနက်စောစောစီးစီး အသည်းယားစရာကောင်းတာတွေမပြောနဲ့

မိုင်- ပြောမှာပဲ ကိုယ်မှမနေနိုင်တာ မိုးသာတနေ့ကိုတခါလောက်တောင် ချစ်တယ်လို့မပြောဘဲနေနိုင်တာ

မိုး- ပြောစရာမှမလိုတာကြီးကို ခနခနပြောပြီးဘာလုပ်မှာလဲ

မိုင်- ပြောစရာမလိုလဲ ကိုယ်ကြားချင်တယ်လေ

မိုး- ကလေးကလားတွေလုပ်မနေနဲ့ ထရအောင် မနက်စာစားမယ်

မိုင်- ကိုယ်မစားချင်တော့ဘူး

မျက်နှာကြီးဆူပုတ်ပြီးဟိုဖက်လှည့်သွားတဲ့ ကိုယ်တော်ချောရဲ့အမူအရာကြောင့် ကျွန်မသူကောက်နေမှန်းသိလိုက်တယ်။ ကဲ... မိုးမြတ်သခင်တို့ ချော့ပေတော့ပဲ။ ကျွန်မထလိုက်ပြီး သူ့ဗိုက်ပေါ်ကိုတက်ခွလိုက်တယ်။ ကျွန်မရဲ့အပြုအမူကြောင့် သူလန့်သွားသလို အံ့လဲအံ့ဩသွားပုံရတယ်။ မျက်လုံးပြူးပြီး ကျွန်မကိုကြည့်နေတယ်။ ပြီးတော့ သူ့မျက်နှာနားကိုကပ်သွားလိုက်ပြီး သူစိတ်ဆိုးပြေအောင် နှုတ်ခမ်းကိုလေးငါးချက်လောက်ဆက်တိုက်နမ်းပေးလိုက်တယ်။

မိုး- ကျွန်မမိုးမြတ်သခင်က ကလေးဆိုးကြီးမိုင့်ကိုအရမ်းချစ်တာမို့ စိတ်ဆိုးပြေတော်မူပါတော့နော်

မိုင်- ဟားဟားဟား မိုးကကွာ အဲ့လိုသာ‌ချော့မယ်ဆိုရင် ကိုယ်‌ခနခနစိတ်ကောက်မိတော့မှာပဲ

ဤမျှသာWhere stories live. Discover now