31

6.4K 1K 15
                                    

လင်းကျန်က စေ့စပ်ထားမှုကို ဖျက်သိမ်းချင်နေတယ်
.................................................................

"ဝုတ် ဝုတ်"

မနက်စားချိန်လောက်တွင် ခွေးကြီးအားတက အပြင်ဘက်မှပြေးဝင်လာသည်။ ခွေးက မနက်အစောပိုင်းမှာတင် အပြင်ဘက်၌ ကစားနေခဲ့ပုံပင်။ ၎င်း၏ခန္ဓာကိုယ်က အလွန်ညစ်ပတ်နေသည်။ သို့သော်လင်းမောက်မောက်က ယင်းကိုဂရုမစိုက်ပေ။ သူကခွက်တစ်ခွက်ကိုကိုင်ထားရင်း "အားတ" ဟု ပျော်ရွှင်စွာလှမ်းခေါ်သည်။

"သခင်လေး၊ ကျွန်တော်တောင်းပန်ပါတယ်။ ဒီကို အားတမလာတောင် ကျွန်တော်မတားနိုင်ခဲ့ဘူး။" အပြင်ဘက်မှ အစေခံကတောင်းပန်သည်။ သူက အားတနောက်သို့ ပြေးလိုက်လာရရာ မောဟိုက်နေသည်။ လင်းကျန်အားတွေ့သောအခါ တုန်ယင်သွားပြီး ဒူးပင်ထောက်ကျသွားသည်။ ထို့နောက် သူကခေါင်းငုံ့ကာ အသနားခံနေတော့သည်။

ခန်းမထဲမှ အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ အစေခံအားလုံး ဘာအသံမှ မထွက်ရဲပေ။

လင်းမောက်မောက်က ဒူးထောက်နေသောအစေခံအားကြည့်ကာ ဇဝေဇဝါဖြစ်နေသည်။ အစေခံက ဘာကြောင့် ကြောက်လန့်နေမှန်း သူနားမလည်ချေ။ တကယ်တမ်းတွင် သူ့အစ်ကိုက ဘာမှမပြောရသေးပေ။

အားတက အခြေအနေပြောင်းလဲနေမှုကို သတိမထားမိပေ။ သူ့ခန္ဓာကိုယ် ညစ်ပတ်နေသည်ကိုပင် လုံးဝမသိပေ။ သူကလင်းကျန်ထံသို့ ပြေးသွားကာပွတ်သပ်နေသည်။

ဘေးမှ ကြည့်နေသောအခြားအစေခံတစ်ယောက်က အားတကိုကြည့်ကာ တားချင်နေသည်။ သို့သော် သူထိုသို့လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား မသိပေ။ ချီတုံချတုံဖြစ်နေစဉ်တွင် သူ့နှဖူး၌ ချွေးများတဒီးဒီးထွက်နေသည်။

လင်းကျန်က သူ့တူကို ချလိုက်သည်။ သူ့အနားသို့အားတရောက်လာသောအခါ လက်ဆန့်၍ပွတ်သပ်ကာ ကြင်နာစွာပြောလိုက်သည်။ "မင်း ဘယ်နေရာမှာ သွားကစားခဲ့တာလဲ။ အမွေးတွေညစ်ပတ်နေလိုက်တာ။"

လင်းကျန် မပြောရသေးခင်တွင်ပင် ဒူးထောက်လိုက်သောအစေခံအား လင်းမောက်မောက်ကြည့်နေသည်။ သူ့အစ်ကိုကြီး၏စကားများအား ကြားသောအခါ လင်းမောက်မောက်က အားတကိုခေါင်းလှည့်ကြည့်ကာ ပြောလိုက်သည်။ "သူ ဘေးအိမ်က အားဟွနဲ့ သွားကစားပြန်ပြီထင်တယ်။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now