Extra Side Story Episode 7

Start from the beginning
                                    

အမှန်တော့ ထိုနေ့ မတိုင်မီ တစ်ရက်ထဲက Eric က နေမကောင်း ဖြစ်နေခဲ့တာ ဖြစ်သည် ။
ထိုနေ့က ဦးဇဏ်က သူ့ကို ဆေးခန်းပြပေးဖို့ အလုပ်ကို ခွင့်ယူပေးခဲ့သည် ။
ထိုနေ့ကတော့ ဦးဇဏ် သူ့ကို အလွန်ဂရုစိုက်ပေးခဲ့ပါလား ဆိုပြီး Eric တစ်ယောက် ပျော်နေခဲ့ရသည် ။

သို့သော်လည်း သူတို့ ဆေးရုံ ရောက်ခါနီးတွင်ပင် အခြေအနေက တစ်မျိုး ပြောင်းသွားခဲ့သည် ။
ဦးဇဏ်ဆီသို့ ဖုန်းတစ်ကောလ် ဝင်လာခဲ့ခြင်းဖြစ်ပြီး ထိုဖုန်းကောလ် ဝင်လာပြီးသည်နှင့် ဦးဇဏ်တစ်ယောက် ထိတ်လန့်တကြီး ဖြစ်သွားခဲ့လေသည် ။

" ဘာဖြစ်လို့လဲ ဦးဇဏ်... "

သူ ဦးဇဏ် ကားမောင်းနေသည်မို့ ဘေးတွင် မှိန်းကာ လိုက်လာရင်း ဦးဇဏ်၏ စိုးရိမ်နေသည့် မျက်နှာကြောင့် အံ့သြကာ မေးမိလိုက်ခြင်းဖြစ်သည် ။
ဦးဇဏ်၏ ပုံစံက အသိစိတ်နှင့် မကပ်သလို ဖြစ်နေကာ ကားကို ရုတ်ချည်း ဦးတည်ချက်ပြောင်းချလိုက်လေသည် ။

" နေနေ ဒုက္ခတွေ့နေပြီ ထင်တယ် Eric... "

ထို့နောက်တွင်မူ ကားက ဦးနေတာရာရှိသော အရပ်ဆီသို့ ဦးတည်ကာ အရှိန်နှင့် မောင်းနှင်သွားလေတော့သည် ။
ဦးဇဏ် စိတ်ထဲတွင် သူ ဆေးခန်းပြရမည့်ကိစ္စကို မေ့လျော့သွားပုံရလေသည် ။

ကားက ခြံဝန်းထဲတွင် ရပ်ထားခဲ့ပြီး ခဏအကြာတွင်တော့ ဦးဇဏ်က ဦးနေတာရာကို ကျောပိုးပြီး ကားဆီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့လေသည် ။
ထို့နောက် ဦးဇဏ်က အနောက်ခန်းသို့ ဦးနေတာရာနှင့် အတူ ဝင်လိုက်ပြီး ဦးနေတာရာကို ပွေ့ဖက်ထားပေးလေသည် ။

" Eric... ဆေးရုံကို မြန်မြန်မောင်း.... "

သူ ကားမောင်းသူဘေးက ခုံတွင် ထိုင်နေရာမှ ရုတ်တရက် ကြောင် အ သွားရလေသည် ။
ဦးဇဏ်က သူ့ကို စိတ်မရှည်သလို ကြည့်လာပြီး ထပ်ပြောလာလေသည် ။

" ဆေးရုံကို မြန်မြန်မောင်းလေကွာ Eric... "

" ဟုတ်... ဟုတ်ကဲ့... "

သူ ကားမောင်းသူ နေရာသို့ အလျင်အမြန် ဝင်ထိုင်လိုက်ရပြီး ဦးဇဏ်ပြောသည့်အတိုင်းပင် ဆေးရုံဆီသို့ အရှိန်ဖြင့် ဦးတည်ကာ မောင်းနှင်ပေးနေရလေတော့သည် ။
ဆေးရုံရောက်သည်နှင့် ဦးဇဏ်က ဦးနေတာရာကို အလောတကြီး ကျောပိုးသွားကာ ဆေးရုံထဲသို့ ဝင်သွားလေသည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now