++" Ending Part"++

Start from the beginning
                                        

____________________APFL_________

"ဒီနေရာ ဟုတ်လောက်ပါတယ်နော်...."

ပြန်မရောက်ဖြစ်တာ ကိုယ့်တသက်ပဲမို့...
သစ်ပင်လေးရှိရာ...နေရာကို သိသေးပေမဲ့...
မှားနေမှာလဲစိုးရိမ်သောကြောင့်...
စမ်းတဝါးဝါးနဲ့... တောင်ပေါ်သို့
တက်လာခဲ့လေ၏.....

"အ...."

တစ်နေရာအရောက် ခုတုံးဖြစ်နေတဲ့
ကျောက်ခဲတစ်ခုကို ခလုတ်တိုက်မိကာ..
ချော်လဲ လေ၏..

"အား...ကျွတ် ကျွတ်..."

လဲသွားတဲ့ အရှိန်က နဲနဲ ပြင်းတော့
ဒူးလေး နှင့် လက်ဖဝါးနုနု ဝယ်
အနဲငယ်ပွန်းသွားကာ..
သွေးစလေးတို့ စွန်းထင်နေလေ၏...

နာနေသော်လဲ လက်မလျော့ချင်...
Jungkook ကိုတွေ့ဖို့ရာပဲ အရေးကြီးသည့်အတွက်.. နာနေသည်များ မမှု ဂရုမစိုက်နိုင်...
အောင့်ခံပြီးသာ...တောင်ထိပ်ဆီသို့ ရောက်အောင် တက်ခဲ့လေ၏...

"ဟင်....းးးး"
( အသက်ရှု နှုန်းများ မြန်နေသောအသံ)

ရောက်ပါပြီ တောင်ထိပ်...
အပင်တွေက များနေတော့
ဘယ်အပင်မှန်း မမှတ်မိ....
သို့ပေမဲ့...မက်မွန်ပင် ဟု ထင်ရသော
အပင်ငယ် ၏.. ဘေး၌... အကျီ အဝါလေးသည်... တစ်စွန်းတစ်စ ထွက်နေလေ၏...

တွေ့ပါပြီ... 7 လအတွင်း ရှာခဲ့ရသောသူ...
ဆူပစ်မယ်..အော်ဟစ် သောင်းကျန်း
ပစ်မယ်ဟု..ဆိုကာ... ခြေသံဖွဖွဖြင့်
ထိုအပင်ငယ် လေးရှိရာစီသို့ လျှောက်လာခဲ့၏...

သို့ပေမဲ့ အပင်ကိုနောက်ကျောပေး
ထိုင်နေသူကတော့ တစ်စိုးတစ်စမှ မသိပေ...

အနားအရောက် မှာ.. ထိုအဝါရောင်
အနွေးထည်လေးဝတ်ထားသူထံမှ
ငိုရှိုက်သံ​လေးနှင့် အတူ စကားလေး
တခွန်းတစ ကိုကြားလိုက်ရပါ၏.. ..

** ကတိဆိုတာ လွယ်လွယ်နဲ့ထားခဲ့တာ
မဟုတ်ဘူးလေ Hyung.. ဘာပဲ ဖြစ်ဖြစ်
Hyung ကျွန်တော့်ဆီတနေ့
ပြန်ရောက်လာမယ်ဆိုတာ
ကျွန်တော်သိတယ်.. အာ့ကြောင့်
Hyung အဆင်သင့်ဖြစ်တဲ့တနေ့
ဒီသစ်ပင်လေး အောက်ကို
အချိန်မရွေး လာခဲ့ပါ..
ဘယ်လောက်ပဲ ကြာကြာ
ကျွန်တော်စောင့်နိုင်ပါတယ်
Jimin Hyung..**

"A Promise For Love🤙"[Completed]Where stories live. Discover now