Part 14

204 16 5
                                    

New တစ်ယောက် ကုမ္မဏီမှာ အလုပ်စဆင်းရမဲ့နေ့မို့ Gunတောင်မနိုးသေးဘဲ အိမ်ကိုပြန်လာပြီး ပြင်ဆင်စရာရှိတာပြင်ဆင်လိုက်တယ်.....

အားလုံးပြင်ဆင်ပြီးသွားတော့ လွယ်နေကျလွယ်အိတ်လေးကို ကောက်ကိုင်ရင်း အမှတ်တရတွေရှိဖူးတဲ့keychainလေးကို ကြည့်ကာ သက်ပြင်းချမိတယ်......

သူ keychainလေးကို ပြန်သိမ်းရတော့မယ် အမြဲသွားနေကျနေရာကို အိတ်နဲ့တူတူယူသွားဖြစ်တာဆိုတော့ ငါးလေးကအရောင်မွဲချင်နေပြီရယ် ......

Newလဲ keychainလေးကို အိတ်ကနေဖြုတ်ပြီး ဗူးလေးထဲထည့်သိမ်းကာ အလုပ်ချိန်နီးနေပြီမို့ အိတ်အသစ်ယူပြီး အခန်းထဲကထွက်လာခဲ့လိုက်တယ်.......

" Morning မေမေ "

New ထမင်းစားပွဲမှာ မနက်စာစားဖို့ပြင်နေတဲ့ မေမေ့ဆီသွားပြီး ဖက်ကာ နှုတ်ဆက်လိုက်တယ်......

" အလုပ်သွားတော့မို့လား သား "

" ဟုတ် မေမေ ကျနော်သွားတော့မယ်နော် "

" မနက်စာ စားသွားပါအုံးလား "

" အလုပ်ချိန်နီးနေပြီမို့ မစားတော့ဘူး မေမေ "

New မေမေ့ပါးကို အနမ်းပေးကာ အိမ်ထဲကထွက်လာခဲ့လိုက်တယ်
( Newက ကျမသားပါ😅 အနမ်းခံချင်လို့ သားမိဇုန်ထဲ ခနသွားမယ်)

Tay တစ်ယောက် အိမ်ကအမေတွေအဒေါ်တွေနဲ့ စိတ်ဆိုးလာတာကြောင့်ကုမ္မဏီကိုစောရောက်နေတယ်......

Tay လက်မှာပတ်ထားတဲ့နာရီကိုကြည့်လိုက်ပြီးစိတ်အလိုမကျဖြစ်ကာ နှုတ်ခမ်းဆူလိုက်တယ်

8နာရီတောင်ထိုးတော့မယ် အတွင်းရေးမှူးအသစ်က ခုချိန်ထိမလာသေးဘူး ပထမဆုံးအလုပ်စဆင်းမဲ့နေ့ကို စောစောလာသင့််တယ်မဟုတ်လား.......

အလုပ်ချိန်က 9နာရီဆိုတော့ 9နာရီမှ လာမို့စဥ်းစားထားတာလား အဲ့လိုတော့မဖြစ်သေးဘူး ceoရဲ့အတွင်းရေးမှူးဆိုတာ ceoထက်အရင်ရောက်နေရမှာ......

' ဒေါက်ဒေါက်ဒေါက် '

" ဝင်ခဲ့ပါ "

Tayလဲ တံခါးခေါက်သံကြားတာကြောင့် ဝင်ခဲ့ဖို့ပြောလိုက်တယ် ......

Smile And Lose Where stories live. Discover now