ဝင်္ကပါ (မှတ်တမ်း - ၁၁)

Start from the beginning
                                    

ဟိုဆော့ဆို နမ်ဂျွန်းအကျီစကို ဆွဲကိုင်ရင်းနဲ့ နမ်ဂျွန်းအနောက်သို့တောင် အနည်းငယ် ရောက်သွားသလိုလို။

ကြည့်ရတာတော့ သူလေး ကြောက်သွားပုံရလေ၏ ။ နမ်ဂျွန်းကိုပဲ အားကိုးတကြီးနဲ့ အရှေ့ကို ပို့ထားလေတယ်။

"ဒါဆို အခုရော ... အခုရော "

သိလိုစိတ်အပြည့်နဲ့ မေးလိုက်တဲ့ နမ်ဂျွန်းစကားသံထဲမှာ ကြောက်လန့်ခြင်းအနည်းငယ်တော့ ရောစွက်နေတယ်။

"မသိဘူးလေ ... အဲ့လိုကြီး ငါလက်ကို လာကိုင်တာ မြင်လိုက်မိတာနဲ့ ငါလဲ သူ့လက်ကို ခါထုတ်ပစ်ပြီး အခန်းပေါက်ဝဆီ ပြေးလာခဲ့တာပဲ"

ကတုန်ကယင်ဖြစ်နေပုံက မပျောက်သေးတာမို့
ဆော့ဂျင်အသံတွေက နည်းနည်းတုန်ယင်နေဆဲ။

ဆော့ဂျင်ကို စိတ်မသက်မသာနဲ့ နမ်ဂျွန်း ကြည့်လိုက်မိရင်း သူလန့်နေတာကို အနည်းငယ်မျှ ပြေပျောက်သွားစေဖို့ ရည်ရွယ်ပြီး

"အာဆို သရဲတွေက ရုပ်ချောတဲ့ မင်းကို ချစ်လို့ခင်လို့ လက်လာကိုင်တာ ဖြစ်ပါလိမ့်မယ်ကွာ" ဟု တမင်စနောက်ပြီး ပြောလိုက်ပေမဲ့

ဆော့ဂျင်က မျက်လုံးလေး အရောင်တလက်လက်ဖြစ်ကာ ထိုစကားကို တွေးတွေးဆဆလေး စဉ်းစားရင်း

"ဟုတ်သားနော် ရုပ်ချောတဲ့သူမိုလို့ အဲ့လို လက်လာကိုင်ပြီး နှုတ်ဆက်တာ ဖြစ်ရမယ်" ဟု အတည်ပေါက် ပြောနေလေတော့ နမ်ဂျွန်းလဲ ဆော့ဂျင်ကို မျက်ခုံးလေးပင့်ကြည့်မိပြီး အော်တို ပါးစပ်ပေါက် ပိတ်သွားလေတော့တယ်။

/ပြောမိတဲ့ ငါပဲ မှားတာပါ/ ဟု ဖွင့်ဟ
မပြောယုံတမယ်။

ဟိုဆော့မှာတော့ ဆော့ဂျင်ရဲ့ Confident Level high ချက်ကတော့ အိမ်မက်ထဲက အတိုင်းပါပဲလားဟု တွေးရင်း သူ့အိမ်မက်ထဲက ဆော့ဂျင်ကို ပြန်သတိရ မြင်ယောင်မိသွားလေတော့တယ်။

တခဏမျှ အသံတွေတိတ်ဆိတ်သွားပြီးနောက်တော့ နမ်ဂျွန်းကပဲ စတင်၍

"အခု ငါတို့ အဲ့ကုတင်ပေါ်က ပိတ်စဖြူကြီးကို ဆွဲဖယ်ကြည့်လိုက်ရင် ဘာတွေ့ရမလဲ မသိဘူးနော်"

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now